29 C
Yangon

မတူပီမြို့နယ် ကလားကျေးရွာနှင့် ဝလံတဲကျေးရွာကို စစ်တပ်က မီးရှို့ဖျက် ဆီးပြီး သက်ကြီးရွယ်အိုတစ်ဦး သေဆုံး၊ မတူပီနှင့်ဟားခါးအကြားကို စစ်တပ် က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

Must read

မတူပီမြို့နယ် ကလားကျေးရွာနှင့် ဝလံတဲကျေးရွာကို စစ်တပ်က မီးရှို့ဖျက် ဆီးပြီး သက်ကြီးရွယ်အိုတစ်ဦး သေဆုံး၊ မတူပီနှင့်ဟားခါးအကြားကို စစ်တပ် က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဧပြီ ၄

ချင်းပြည်နယ်၊ မတူပီမြို့နယ် ကလားကျေးရွာနှင့် ဝလံတဲကျေးရွာကို စစ် ကောင် စီ တပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးရွယ်အို တစ်ဦး သေဆုံး သွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၃၁ ရက်နေ့ နှင့် ဧပြီ ၁ ရက်နေ့တို့တွင် စစ်ကောင်စီတပ်ဖွဲ့က ကလား ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ၂ ကြိမ်ပေါင်း နေအိမ် ၃၀ လုံးမီးလောင် ပျက်စီး ခဲ့ကြောင်း၊ စစ်တပ်က နေအိမ်များကို မီးရှို့ပြီးနောက် အိမ်ကိုပြန် လာ သည့် ကလားရွာမှ အဘွား ဒေါ်ငိုင်လွန် (Ngailym) သည် နေအိမ်မီးလောင် မှုကို မြင်တွေ့ ရသဖြင့် စိတ်ထိခိုက်သေဆုံးသွားခဲ့ကြောင်း ဒေသ သတင်း ရင်းမြစ်များက ဆိုသည်။

ကလားရွာကိုမီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်က ဧပြီ ၃ ရက်နေ့တွင် ဝလံတဲ ကျေးရွာ ကို ဆက်လက်မီးရှို့ဖျက်ဆီးခဲ့ပြီး ဝလံတဲကျေးရွာတွင် မီးလောင် ပျက်စီးသွားသည့် အိမ်ခြေ အရေအတွက် မသိရှိရသေးပေ။

စစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊မင်းတပ်၊ထန်တလန် ဒေသများတွင် ဖုန်းလိုင်းဖြတ်တောက်ထားပြီး တချို့နေရာတွင် ဖုန်းလိုင်းမမိ သည် မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ဒေသခံကာကွယ်ရေး တပ် များ အဓိကစိုးမိုးထားသည့် ချင်းပြည်နယ်ကို စစ်ကောင်စီက နယ်မြေပြန် လည် စိုးမိုးနိုင်ရေး ယခုနှစ်ဆန်းပိုင်းမှ စတင် ကြိုးပမ်းနေသဖြင့် ချင်းပြည်နယ် နေရာအနှံ့ တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလျက် ရှိကြောင်း သိရှိရသည်။

ချင်းပြည်နယ်မြေပြင်တိုက်ပွဲများတွင် အထိနာလေ့ရှိသည့် စစ်တပ်က ယနေ့ ဧပြီ ၄ ရက်နေ့တွင်လည်း ဖလမ်းနှင့်ဟားခါးအကြား တစ်နေရာကို လေကြောင်း ပစ် ခတ်မှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ရွာများကို မီးရှို့မှု အခြေအနေနှင့် သေဆုံးသွားသည့် အဘွားအို။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article