37 C
Yangon

ရွှေဘိုမြို့နယ်၊ စိုင်နိုင်ကြီးကွေ့အနီးရှိ စစ်သားများ မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံး

Must read

ရွှေဘိုမြို့နယ်၊ စိုင်နိုင်ကြီးကွေ့အနီးရှိ စစ်သားများ မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စိုင်နိုင်ကြီးကွေ့အနီးတွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က စိုင်းနိုင်ကြီးကွေ့မှ ရွှေဘိုမြို့သို့ ထွက်ခွာလာသော အင် အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် ခမရ ၃၆၄ စစ်ကြောင်းကို စိုင်နိုင်ကြီးကွေ့နှင့် မိုးကောင်းကင် ဆီဆိုင်ကြားအရောက် ရှေ့ထွက်ပဒေသာမိုင်း ၇ လုံး ပွိုင့် ၂ ပွိုင့်ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ညက ယင်းတောမှာ ညအိပ်ပြီး ဒီမနက် စိုင်နိုင်ကြီးကွေ့ကို ခဏဝင်နားတယ်၊ အဲဒီက နေ ရွှေဘိုမြို့ကို ထွက်လာတာ၊ ၂ နေရာမိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ သေဆုံးသွားတဲ့ ခွေးသေတွေရော၊ ဒဏ်ရာတဲ့ခွေးတွေရော ရွှေဘို သယ်သွားတာထင်တယ်၊ အတွဲတွေရော၊ အထမ်းတွေ ရောတွေ့တယ်၊ ရွှေဘိုမြို့က ခွေးတွေကလည်း တဂဏန်းရွာနဲ့ဇီးတောရွာနားအထိလာကြိုသွားတယ်” ဟု ရွှေဘို ခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါအကြမ်းဖက်စစ်သားများသည် လှတောကျေးရွာ အထိုင်ချတပ်စခန်းမှ အင်အား ၈၀ ခန့်ဖြင့် ထွက်ခွာလာ ဖြစ်ပြီး ရွှေဘိုခရိုင် တပ်ရင်း ၂၃ တပ်ခွဲ ၁ Naungyoe Army နှင့်နဂါးမင်းပျောက်ကြား တပ်ဖွဲ့ ဒေသခံပကဖများပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article