36 C
Yangon

ရွှေဘို၊ ဇီးဖြူကုန်းရွာမှ ထွက်လာသည့် စစ်ကောင်စီ တပ်သား များကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရွှေဘို၊ ဇီးဖြူကုန်းရွာမှ ထွက်လာသည့် စစ်ကောင်စီ တပ်သား များကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်လာသည့် ရဲနှင့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် ရွှေဘိုမြိုနယ်၊ ဇီးဖြူကုန်း‌ ကျေးရွာတွင် စခန်းချ တပ်စွဲထားသော စစ်သား၊ ရဲနှင့် ပျူစောထီးများ ထွက်လာစဥ် ဇီးဖြူကုန်းမြောက်ပေါက် ဦးတင်နွဲ့ ဇရပ် အနီးတွင် တော်လှန်ရေး အင်အားစုများက အဝေးထိန်း စနစ်ဖြင့် မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ရဲ တပ်သား ဇော်လှိုင်ဦး နှင့် ပျူစောထီး ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ရဲတပ်သား သိန်းဇော်သည် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အဝေးထိန်း မိုင်းနဲ့ဖောက်ခွဲ တိုက်ခိုက်တာ ရဲခွေး ဇော်လှိုင်ဦးနဲ့ ပျူစောထီး ၁ ဦး ပွဲချင်းပြီးသေတယ်တဲ့ နောက်ပြီး ရဲတပ်သား သိန်းဇော်ကလည်း ပြင်းထန် ဒဏ်ရာရရှိတယ်လို့ သိရတယ်” ဟု ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့ နှင့် ဗိုလ်ဂျပန်ကြီး (😭.T)- SHWEBO (LPDF) အဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ -LDF၊ဖား‌ရွှေ‌ကျော် – ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DOG KILLER- SHWEBO PEOPLE DEFENCE FORCE၊ မတစ်ထောင်( တစ်ကောင်ဘွား ) – ဒီပဲယင်းအဖွဲ့၊ နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုများမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article