37 C
Yangon

ပုံမှန် အခြေအနေဟု ဇွတ်တရွတ် သွတ်သွင်းချင်နေသာ စစ်ကောင်စီ ၏ သ င်္ကြန်ပွဲ၊ အကယ်ဒမီပွဲ၊ ပျော်ပွဲရွှင်ပွဲများ ပြည်သူများ မပါဝင်ကြရန် တော်လှန် ရေး အင်အားစုက မေတ္တာရပ်ခံ

Must read

ပုံမှန် အခြေအနေဟု ဇွတ်တရွတ် သွတ်သွင်းချင်နေသာ စစ်ကောင်စီ ၏ သ င်္ကြန်ပွဲ၊ အကယ်ဒမီပွဲ၊ ပျော်ပွဲရွှင်ပွဲများ ပြည်သူများ မပါဝင်ကြရန် တော်လှန် ရေး အင်အားစုက မေတ္တာရပ်ခံ

ရန်ကုန်၊ ဧပြီ ၄

ပုံမှန် အခြေအနေရောက်ရှိနေပြီဟု ဇွတ်တရွတ် သွတ်သွင်းချင်နေသာ စစ် ကောင် စီ ၏ သင်္ကြန်ပွဲ၊ အကယ်ဒမီပွဲ၊ ပျော်ပွဲရွှင်ပွဲများ ပြည်သူများ မပါဝင် ကြရန် တော်လှန်ရေးအင်အားစုက မေတ္တာရပ်ခံလိုက်သည်။

“တိုးတိုးလေးငိုနေသူတွေရှိလို့ တိတ်တိတ်လေးပျော်ပေးပါ။ ပြည်သူများ ခင် ဗျာ…” ဟု အစချီထားသော တော်လှန်ရေးအင်အားစုများ၏ မေတ္တာ ရပ်ခံ စာ တွင် ပြည်သူများကို သင်္ကြန်ကာလ ရောက်ရှိလာချိန်တွင် ပျော်ရွှင် လိုကြမှုကို နားလည်ပါကြောင်း အစချီရေးသားထားသည်။

“မကြာခင်အချိန်တွင်းမှာ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံး တန်ဖိုးထား တဲ့ သကြင်္နကာလကို ကျရောက်တော့မှာဖြစ်ပါတယ်။ ယခင် အာ ဏာသိမ်းမှု ဖြစ်စဉ် မတိုင်ခင်က ဒီလို အခါသမယမျိုးရောက်ပြီဆိုရင် ကိုယ်ချစ်ခင်တန် ဖိုးထား တဲ့ မိသားစုတွေနဲ့ မုန့်လုပ်စားတာ၊ခရီးသွားတာတွေ နဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရင်း ဖြတ်သန်းလေ့ရှိကြပါတယ်။ ဒါ့ကြောင့် လာမယ့် သကြင်္န်ကာလ မှာ ဆိုရင်လည်း ပျော်ပွဲရွှင်ပွဲ ဆင်နွှဲလိုတဲ့ စိတ်တွေ ကျွန်တော်တို့ပြည်သူတွေမှာ အနည်းနဲ့အများ ရှိနေကြဦးမှာပါ ဒါပေမယ့်လည်း ဒီနှစ်မှာတော့ နိုင်ငံတဝှမ်းမှာ ဖြစ်ပျက်နေတဲ့ ကပ်ဘေးတွေကြား တိုးတိုးလေးငိုနေတဲ့သူတွေရှိတာကြောင့် တိတ် တိတ်လေး ပျော်ပေးကြဖို့၊ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက် စာ မျက် နှာတွေမှာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ မတင်ကြဖို့၊ မမျှဝေကြဖို့ တိုက် တွန်း လိုက်ရပါတယ် ခင်ဗျာ…..” ဟု တော်လှန်ရေးအင်အားစုများက ပြည်သူ များကို ပြောဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်ရာဇဝတ်မှုများကို ဆက်တိုက် အဆက် မပြတ် ကျူးလွန်လျက်ရှိကြောင်း ၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ် မုဒိမ်းကျင့် နေကြောင်း ထောက်ပြထားသည်။

“အကြမ်းဖက်စစ်ကောင်စီက နေ့ရော၊ညပါမကျန် ပြည်သူလူထုကို မတရား ဖမ်းဆီးခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း ၊ သတ်ဖြတ်ခြင်း၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း ၊ အဓမ္မပြုကျင့်ခြင်းတို့ အပါအဝင် အစရှိတဲ့ စစ်ရာဇဝတ်မှု တွေကို အဆက်မပြတ် ကျူးလွန်လျက်ရှိနေတာကြောင့်ပဲဖြစ်ပါတယ်။ တ ဆက် တည်းမှာပဲ စစ်ကောင်စီအနေနဲ့ ၎င်းတို့ကျူးလွန်နေတဲ့ ရက်စက် ကြမ်း ကြုတ်မှုတွေ ၊ စစ်ရာဇဝတ်မှုတွေကို ပြည်သူတွေမေ့လျော့သွားအောင် ၊ ၎င်းတို့ ရဲ့ အုပ်ချုပ်ရေးယန္တရား အသက်ဝင်လည်ပတ်နေနိုင်အောင် သင်္ကြန်ပွဲတော်တွေ၊ပျော်ပွဲရွှင်ပွဲတွေကို စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ဖို့ ပြင်ဆင် နေကြ ပါတယ်။ ဒါတင်မကသေးပါဘူး။ လာမယ့်မကြာခင်ကာလအတွင်းမှာပဲ စစ် ကောင် စီဟာဆိုရင် သူတို့အနေနဲ့ အကယ်ဒမီပေးပွဲကို ကျင်းပနိုင်အောင် စီစဉ် လျက်ရှိနေပြန်ပါတယ်။ အဆိုပါ အကယ်ဒမီပေးပွဲမှာဆိုရင်လည်း ပြည်သူ လူထု ဘက်မှာ မရပ်တည်တဲ့ အနုပညာရှင်တွေနဲ့ ပူးပေါင်းကာ ကျင်းပဖို့ ပြင် ဆင် နေတာတွေရှိသလို မပါဝင်လိုတဲ့ အနုပညာရှင်တွေကိုလည်း အတင်း ဖိအားပေးကာ ဖြစ်မြောက်အောင် ဆောင်ရွက်နေတာတွေရှိတာကို ကြားသိ ထားရပါတယ်” ဟု တော်လှန်ရေးအင်အားစုများ၏ မေတ္တာရပ်ခံထားသည်။

မိမိတို့၏ မိသားစု တိုးတိုးလေး ပျော်ပေးကြခြင်းဖြင့် စစ်ဘေးရှောင် မိသားစုများ၊ ထမင်း၀ိုင်းတွင် မိသားစု စုံလင်စွာ မနေနိုင်တော့သည့် ပြည်သူများ အပါ အဝင် ဒုက္ခရောက်နေကြသည့် ပြည်သူများကို စာနာကြရန် တိုက်တွန်း ထား သည်။

“ဒါ့ကြောင့် နိုင်ငံတဝှမ်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက် စစ်ဘေး ဒဏ်ကို ခံစားနေရတဲ့ ၊ စစ်ဘေး တိမ်းရှောင်နေကြရတဲ့ပြည်သူတွေ ၊ ဆီမီးခွက် လေးနဲ့ ထမင်းဝိုင်းထဲပြန်မဆုံနိုင်တော့တဲ့ မိသားစုဝင်တွေ ၊ မလျှော့သောဇွဲနဲ့ တော်လှန်တိုက်ပွဲဝင်နေကြတဲ့သူတွေကို ငဲ့ညှာတဲ့အနေနဲ့ ဒီနှစ် သင်္ကြန်ကို တော့ မိမိတန်ဖိုးထားရတဲ့ မိသားစုလေး အနီးမှာပဲနေရင်း တိုးတိုးလေး ပျော် ပေး ကြဖို့အတွက် လှိုက်လှိုက်လှဲလှဲ တောင်းဆိုလိုက်ရပါတယ်။ ကဲ… နောက် ဆုံး အနေနဲ့ ဒီနှစ် တော်လှန် သင်္ကြန်ကို ငါတို့ပြည်သူတွေ ဘယ်လို ဆင်နွှဲကြမလဲ ဟေ့….။ စစ်ကောင်စီကျင်းပမယ့် သင်္ကြန်ပွဲမှာမပါဝင်ဘူး။

မပါဝင်ဘူး…ဟေ့…မပါဝင်ဘူး…ဟေ့…။ စစ်ကောင်စီနဲ့ဆက်စပ်နေတဲ့ ကုန်ပစ္စည်းတွေ၊ တည်းခိုမယ့်နေရာတွေကို Boycott ကြမယ်။ Boycott ကြမယ်… Boycott ကြမယ်…။ စစ်ကောင်စီကကျင်းပမယ့် အကယ်ဒမီပေးပွဲကို မကြည့်ဘူး။ မကြည့်ဘူး ဟေ့ ၊ မကြည့်ဘူး…ဟေ့။

အကယ်ဒမီပေးပွဲအကြောင်း မပြောဘူး ။ မမျှဝေဘူး။ မပြောဘူး… ဟေ့၊ မမျှဝေဘူး ဟေ့ …။” ဟု တော်လှန်ရေး အင်အားစုများက ပြည်သူများကို တိုက်တွန်းပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article