38 C
Yangon

ထားဝယ်နှင့် သရက်ချောင်း မြို့နယ်ရှိ ရဲစခန်း၊ စစ်ဆေးရေး ဂိတ်တို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

Must read

ထားဝယ်နှင့် သရက်ချောင်း မြို့နယ်ရှိ ရဲစခန်း၊ စစ်ဆေးရေး ဂိတ်တို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၀

တနင်္သာရီတိုင်း၊ ထားဝယ်နှင့် သရက်ချောင်း မြို့နယ်ရှိ ရဲစခန်းနှင့် စစ်ဆေးရေး ဂိတ်တို့ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့​ကြောင်း စစ်ဒေသခွဲ အမှတ် ၃ သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့များမှ အင်အားအလုံးအရင်းဖြင့် ထားဝယ်မြို့နယ်အတွင်းရှိ ပကာရီရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီ ဝန်းကျင်အချိန်ခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူကာကွယ်ရေး တပ်မတော်နှင့် ပူးပေါင်း တပ်ဖွဲ့များက အဆိုပါ ရဲစခန်းကို ၆၀ မမ ဗုံးသီးများ၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စနိုက်ပါဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးခန့် သေဆုံးနိုင်ကြောင်း သိရသည်။

ပကာရီ ရဲစခန်းသည် ထားဝယ်-မေတ္တာလမ်းပိုင်းရှိ တောင်ကုန်း အမြင့် ပေါ်တွင်တည်ရှိပြီး စခန်းအနီးပတ်ဝန်းကျင် တောထဲ၌လည်း ကတုတ်ကျင်းများနှင့် တပ်စခန်းပုံစံ အခိုင်အမာ တည်ဆောက်ထားသော ဗျူဟာကျသည့်နေရာတစ်ခုဖြစ်ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ပကာရီရွာ အနောက်ဘက်တွင်ရှိသော အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ သပြေချောင်းတပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးကျည် ၁ လုံး စစ်ဘေးရှောင် စခန်းအနီး ကျရောက် ပေါက်ကွဲခဲ့​​​​ကြောင်း၊ ပကာရီရဲစခန်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကြောင့်လည်း ပကာရီရွာမှ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပကာရီ ရဲစခန်းကို ထားဝယ်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်းမဟာမိတ်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ထားဝယ်-ရေး လမ်းပိုင်းရှိ မောင်မယ်ရှောင်ရွာအနီးတွင် အခိုင်အမာတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်း အထိ အကြမ်းဖက် စစ်ကောက်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး တိုက်ပွဲအတွင်း ထိခိုက်မှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့၊ နံနက် ၆ နာရီခန့််တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ပူးပေါင်း တပ်ဖွဲ့များမှ​ သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာ စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးနှင့် စစ်သားများ ပူးပေါင်းကာ တပ်စွဲထားသော ဘုရားကုန်း တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီအချိန်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ ရောင်းမော်ရွာနှင့် ဆေးဖြတ်ကုန်းရွာတို့ကို ၁၂၀ မမလက်နက်ကြီးများဖြင့် အသုံးပြု ပစ်ခတ်ခဲ့​ပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် ကင်းရှေ့ရွာ လမ်းအတိုင်း စစ်ကူလာရောက်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မွန်းလွဲပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကင်းရှေ့ရွာရှိ နေအိမ်အချို့ထိမှန်ကာ ပျက်စီးခဲ့ကြောင်း စစ်ဒေသခွဲ အမှတ် ၃ သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article