29 C
Yangon

Breaking News – ကန့်ဘလူ၊ ပဇီကြီးရွာတွင် အခမ်းအနားကျင်းပနေစဉ် စစ် တပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူအများအပြား ထိခိုက် သေဆုံးနိုင်

Must read

Breaking News – ကန့်ဘလူ၊ ပဇီကြီးရွာတွင် အခမ်းအနားကျင်းပနေစဉ် စစ် တပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူအများအပြား ထိခိုက် သေဆုံးနိုင်

■ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အရေ အတွက် နှင့် အခြေအနေ အသေးစိတ် အတည်မပြုနိုင်သေး

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အခမ်းအနား ကျင်းပ နေစဉ် အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်၊ Mi 35 ရဟတ်ယာဥ်တို့ ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူအများအပြား ထိခိုက်သေဆုံးမှု များပြား ကြောင်း ဒေသပြည်သူများ ၏ပြောဆိုချက်အရ ကနဦး သိရှိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာတွင် မြို့နယ်အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ပြုလုပ်နေစဥ် အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ်ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အခမ်းအနားကျင်းပနေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ အများ အပြား ကျဆုံးကြောင်း ကနဦးသိရှိရသည်။

” အခု အဲနေရာကို သွားနေတယ်။ ကနီဦး သိရတာတော့ ပြည်သူအရေအတွက် ၅၀ ဦးခန့် ထိခိုက်ကျဆုံးတယ်လို့ သိထားရတယ်။ အဲထက်ပိုများနိုင်တယ် အခု ထိ အတည်မပြုနိုင်ဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

(အသေးစိတ် အခြေအနေများကို ဆက်လက် တင်ဆက်ပါမည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article