36 C
Yangon

ဖလမ်း၊ ဝေဘူလမြို့ကို စစ်တပ်က ဗုံးကျဲမှုကြောင့် ပြည်သူ ၉ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရကာ နေအိမ် ၅ လုံးမီးလောင်ပြာကျ

Must read

ဖလမ်း၊ ဝေဘူလမြို့ကို စစ်တပ်က ဗုံးကျဲမှုကြောင့် ပြည်သူ ၉ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရကာ နေအိမ် ၅ လုံးမီးလောင်ပြာကျ

ရန်ကုန်၊ ဧပြီ ၁၁

ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ဝေဘူလမြို့ပေါ်သို့အကြမ်းဖက် စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၉ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း Chin National Organization –CNO က ထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၁၀ ရက်‌ နေ့လည် ၁၁ နာရီခန့်က စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော အရပ်သား ပြည်သူလူထု နေ ထိုင်ရာ ဝေဘူလမြို့ပေါ်ရပ်ကွက်အတွင်းသို့ အကြမ်းဖက်စစ် တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ ကြိမ်ကျဲချခဲ့ရာ ပြည်သူ ၉ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ နေအိမ် ၅ လုံးမီးလောင် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း ဖလမ်းမြို့ နယ်၊ ရမ်ထလိုကျေးရွာအနီး တဝိုက်ကို မည်သည့်တိုက်ပွဲမှမရှိပဲ အကြောင်းမဲ့သက်သက် ၆ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရမ်ထလိုကျေးရွာမှ နေအိမ် ၁၉ လုံး၊ တလန်ဇာရ်ကျေးရွာမှနေအိမ် ၇ လုံးမီးလောင်ပျက်စီးပြီးတလန်ရောင် ကျေးရွာမှ နေအိမ် ၅ လုံးနှင့် လုံပီးရပ်ကွက်မှ နေအိမ် ၁ လုံးထိ ခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၉ ရက်နေ့နှင့် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့များကလည်း ဖလမ်းမြို့ဘက်မှ ဟားခါးမြို့ ဖက်သို့ စစ် ကြောင်း ထိုးလာသော အကြမ်းဖက်စစ်သားများက လမ်းမကြီးပေါ်ရှိ ကျေးရွာများမှ ပြည်သူ့နေအိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် တန်ဖိုးရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ အကြမ်းဖက်စစ်တပ်၏ လက်နက်မဲ့ အရပ်သားပြည် သူလူထုအပေါ် တိုက်လေယာဉ် အသုံးပြု ဗုံးကျဲမှုများ၊ နေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ မီးရှို့မှုများ၊ ဖောက်ထွင်းလုယက်ခိုးယူမှုများ၊ လူမဆန်သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လက်တွေ့ကျကျ အရေးယူပေးရန် တောင်းဆိုပါကြောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ ဝတ်မှုနှင့် မြောက်များစွာသော ပြစ်မှုများကို အကြိမ်ကြိမ်ကျူး လွန်နေသည့် စစ်ခေါင်းဆောင်အဆင့်ဆင့်နှင့် အာဏာရှင်များကို (CNO/CNDF အနေဖြင့် အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article