29 C
Yangon

မြ၀တီမြို့နယ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကုန်းကို တိုက် ခိုက် သိမ်းပိုက်မှု BGF ၁၀ ဦးသေဆုံးပြီး PDF ၂ ဦး ကျဆုံး

Must read

မြ၀တီမြို့နယ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကုန်းကို တိုက် ခိုက် သိမ်းပိုက်မှု BGF ၁၀ ဦးသေဆုံးပြီး PDF ၂ ဦး ကျဆုံး

ရန်ကုန်၊ ဧပြီ ၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်း ကုန်း ကိုတိုက်ခိုက်သိမ်းပိုက်မှု BGF ၁၀ ဦးသေဆုံးပြီး PDF ၂ ဦး ကျဆုံးကြောင်း ကျားသစ်နက်စစ်ကြောင်းက တရားဝင် သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၁ရက်နေ့ ညနေပိုင်းတွင် မြဝတီမြို့အနီး စစ် ကောင်စီလက်အောက်ခံ BGF စခန်းကုန်းကို KNU/KNLA ပူးပေါင်းစစ်ကြောင်း၊ Cobra Column ၊ Golden Eagle ၊ ကျားသစ်နက်စစ်ကြောင်း တို့က သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF စခန်းကုန်းကို အောင်မြင်စွာ တက် ရောက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲဖြစ်စဥ်အတွင်း ကျားသစ်နက် စစ်ကြောင်း တပ်ခွဲ ၂ မှ ရဲဘော် ၂ ဦး မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ပြီး ရဲဘော် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မြ၀တီမြို့နယ်အတွင်းရှိ စခန်းကုန်း သိမ်းတိုက်ပွဲတွင် BGF ၁၀ ဦး သေဆုံးခဲ့ပြီး MA-1 ၁ လက် ၊ M4 ၃လက် ၊ AK ၁လက် ၊ M22 ၁ လက် ၊ ကာဘိုင် ၁လက် ၊ 40 မမ ဗုံးပစ်လောင်ချာ ၁ လက် ၊ တူမီး ၁ လက် ၊ ရှေ့ထွက်မိုင်း ၂လုံး နှင့်အတူ ကျည်အိမ်များ ၊ ကျည်ဆန် များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၁ နာရီ ၁၅ မိနစ် ဝန်းကျင် မြဝတီမြို့အနီးတဝိုက် စစ်တပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးလာကျဲချတယ်။ နောက်တစ်ခါ နံနက် ၃ နာရီခွဲ ဝန်းကျင် တွင် မြဝတီမြို့ တောင်ဘက်၌ တိုက်ပွဲဖြစ်ပွားတယ်။ လက်နက်ကြီး လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ပါတယ်။ နေ့စဉ် တိုက်ပွဲ တွေဖြစ်နေပါ တယ်” ဟု မြ၀တီမြို့ခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article