25 C
Yangon

Breaking News – တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက ယနေ့ နံနက်ပိုင်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ၏ လက်နက် ၅၀ ကျော်သိမ်းရရှိ

Must read

တွန်းဇံမြို့ကို စစ်ကောင်စီကင်းစင်သော မြို့အဖြစ် ကြေညာ

ရန်ကုန်၊ မေ ၂၁

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို ယနေ့ နံနက်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ငယ် ၅၀ ကျော် သိမ်းဆည်းရရှိကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီမနက် ပဲ ကျနော်တို့ တွန်းဇံမြို့ကို အပြီး သိမ်းလိုက်တယ်ပေါ့။ စစ်ကောင်စီဆီကနေ လက်နက်ငယ်တွေ အလက် ၅၀ လောက်ရတယ်။ တချို့ စစ်သားတွေ က ထွက်ပြေးကြတယ်။ အဲဒါကို အခု ဆက်လက်ပြီးတော့ ရှင်းနေဆဲဖြစ်ပါတယ်။ ဆိုတော့ တွန်းဇံမြို့ကတော့ စစ်ကောင်စီ ကင်းစင်သွားပြီလို့ ပြောလို့ရပါတယ်” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့အတူ မေလ ၁၉ ရက်နေ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းပြည်အစိုးရတပ်များဖြစ်ကြသည့် CNA ၊ CDFs ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် တွန်းဇံမြို့နယ်တစ်ခုလုံးကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

မေလ ၁၅ ရက်နေ့မှ စတင်ခဲ့သော လက်ရှိ တွန်းဇံမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားပြီး အရှင်ဖမ်းဆီးရရှိသူများလည်းရှိကြောင်း၊ စစ်တပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲမှုများရှိကြောင်း၊ ပြည်သူများလည်း တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ – ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article