29 C
Yangon

ကန့်ဘလူတွင် စစ်တပ်၏ လေကြောင်း ဗုံးကျဲမှုကြောင့် သေဆုံးသွားသော ပြည်သူ ၁၀၀ ကျော်၏ အမည်စာရင်းများ မပြုစုနိုင်သေး၊ ပဇီကြီးကျေးရွာ ပျက်သလောက်ဖြစ်နေ

Must read

ကန့်ဘလူတွင် စစ်တပ်၏ လေကြောင်း ဗုံးကျဲမှုကြောင့် သေဆုံးသွားသော ပြည်သူ ၁၀၀ ကျော်၏ အမည်စာရင်းများ မပြုစုနိုင်သေး၊ ပဇီကြီးကျေးရွာ ပျက်သလောက်ဖြစ်နေ

ရန်ကုန်၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် စစ်တပ်၏ လေကြောင်း ဗုံးကျဲမှုကြောင့် သေဆုံးသွားသော ပြည်သူ ၁၀၀ ကျော်၏ အမည်စာရင်းကို မပြုစုနိုင်သေးဘဲ ကျေးရွာမှာလည်း ပျက်သလောက်နီးပါးဖြစ်နေကြောင်း သိရှိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ပဇီကြီးကျေးရွာတွင် အခမ်း အနား ပြုလုပ်နေစဉ် လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျောင်း သားကျောင်းသူများ၊ ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော် သေဆုံး သွားခဲ့ရခြင်းဖြစ်သည်။

“ရွာက အိမ်ခြေ ၁၀၀ လောက်ပဲရှိတဲ့ကျေးရွာပါ။ ရွာထဲမှာလည်း အခုက လူမရှိသ လောက်ဖြစ်နေတယ်။ အကုန်ထွက်ပြေးနေကြတာ။ အဲဒီတော့ ဘယ်သူတွေ ပါသွားလဲ။ ဘယ်သူတွေသေသွားလဲဆိုတာကို စာရင်းကောက် မရဘူး။ ရွာကလည်း ပျက်သလောက်ဖြစ်နေတယ်။ အလောင်းတွေနဲ့ ခြေလက် အပိုင်းအစတွေ အများကြီးပဲ ပတ်ဝန်းကျင်မှာရှိနေတုန်းပဲ။ သဂြိုလ်တာ တွေလည်း တတ်နိုင်သလောက်လုပ်ပေမယ့် အကုန်လုံး မရှင်းလင်းနိုင်သေးဘူး။ ရွာက ပြန်ဖြစ်ဖို့ ခက်သွားပြီ။ ရွာသူ ရွာသားတွေကလည်း ကြောက်လန့်ပြီး ပြန်မလာကြတော့ဘူး။ အခြေအနေက အဲဒီလိုဖြစ်နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

ဧပြီလ ၁၁ ရက်နေ့နှင့် ဧပြီလ ၁၂ ရက်နေ့တို့တွင် စစ်ကောင်စီက ရဟတ်ယာဉ် များ ဖြင့် ပဇီကြီးကျေးရွာအနီးတွင် ဝဲပျံခဲ့သဖြင့် အလောင်းကောက်ယူ ရေးလုပ် ငန်းများကို မလုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။

“ဒီလိုပဲ တဖြည်းဖြည်းရှင်းရမယ်ထင်တယ်။ အလောင်းတွေက နေရာတိုင်းမှာ ဖြစ်နေ တာ။ အသားအပိုင်းအစတွေ ခြေလက်အပိုင်းအစတွေက ရွာလမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတုန်းပဲ” ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article