36 C
Yangon

ကန့်ဘလူတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပြည်သူများအတွက် အီတလီတွင် ဆုတောင်း ဆန္ဒဖော်ထုတ်

Must read

ကန့်ဘလူတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပြည်သူများအတွက် အီတလီတွင် ဆုတောင်း ဆန္ဒဖော်ထုတ်

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံး ပြည်သူများအတွက် အီတလီတွင် ဆုတောင်းခြင်းနှင့် ဆန္ဒထုတ် ဖော်ခြင်းကို ယနေ့ ပြုလုပ်ကြသည်။

ယနေ့ အီတလီအချိန် နံနက် ၁၁ နာရီတွင် မီလန်မြို့ Suore di Maria Bambina ရှိ မယ်တော်ဗိမာန်ကျောင်းဆောင်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူ

ပဇီကြီးကျေးရွာနှင့် အခြားဒေသရှိကျေးရွာများကို စစ်အာဏာရှင်က လေ ကြောင်း သုံး၍ လူမျိုးတုန်းသတ်ဖြတ်ခဲ့ခြင်းကြောင့် ကျဆုံးခဲ့ရသူ များအတွက် မြန်မာမိသားစုနှင့် သီလရှင်များက ပုတီးစိတ် ဆုတောင်းကြ ကြောင်း၊ ​တိုင်းရင်းသားပြည်သူများကို ရည်မှန်းကာ ဆီမီး ၁၄ ခွက်လည်း ထွန်းညှိ ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် အီတလီ မြို့လယ်ရှိ လူစည်ကားရာ Duomo ဘုရားကျောင်းကြီး အနီး တွင် စစ်တပ်မှ လေကြောင်းသုံးပြီး လူမျိုးတုန်းသတ်ဖြတ်နေမှုကို တား ဆီးရေး အတွက် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ ကြကြောင်း Myanmar Community in Italyက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article