28 C
Yangon

တကောင်းတိုက်နယ်၌ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ခန့်သေဆုံး၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

တကောင်းတိုက်နယ်၌ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ခန့်သေဆုံး၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၁၆

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အ တွင်း၌ ၃ ရက်ဆက်တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်သား ၂၀ ခန့်သေဆုံးကာ အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၀ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း တ ကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၃ ရက်နေ့တွင် နီကယ်စက်ရုံတောင်ပေါ် ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် တပ်မ ၈၈ လက်အောက်ခံ စစ် သားအင် အား ၇၀ ကျော်သည် တကောင်းတိုက်နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဧပြီလ ၁၅ ရက်နေ့အထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ကာ အကြမ်းဖက်စစ်သား ၂၀ ခန့်သေဆုံးပြီး အထိနာသဖြင့် စစ်ဘေးရှောင်ပြည်သူများရှိရာ နေရာသို့ Yak -130 တိုက်လေယာဉ်အမျိုးအစားဖြင့် ၅ ကြိမ်တိတိပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အဓိကတော့ သူတို့အထိနာလို့ လေယာဉ်နဲ့ ပတ်ရမ်းပစ်တာ၊ဒီနေ့မနက်ပြန်ဆုတ်သွားတော့ ၅၀ တောင် မပြည့်တော့ဘူး၊ပြည်သူတွေထိခိုက်တာတော့မရှိပါဘူး၊ လမ်းဘေးက နေအိမ် ၃ လုံးတော့ မီးရှို့သွားတယ်၊ ဒီနေ့ဆိုရင် လေကြောင်းကနေလာတိုက် မယ်ဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်လိုက်လို့ တကောင်းမြို့ပေါ်ကို ထွက်ပြေးနေကြရတယ်၊ ကျေးရွာ ၁၀ ရွာကျော်က လူဦး ရေ ၁၀၀၀ ကျော်တယ်” ဟု တကောင်းပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် တ ကောင်းတိုက်နယ်အတွင်းရှိ ဥသျှစ်ကုန်း၊ မိုင်းဒိုင်း၊ ပေကုန်း၊ ရင်ခွင် စသည့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများမှာ တကောင်းမြို့ပေါ်နှင့် နီးစပ်ရာဒေသသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တကောင်းတိုက်နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လှုပ်ရှားမှုများကို ဂရုတစိုက်နားစွင့်ပြီး ရှောင်တိမ်းနေထိုင်ပေးကြပါရန် တကောင်းပကဖမှ မေတ္တာရပ် ခံထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article