31 C
Yangon

အကြမ်းဖက် စစ်တပ်၏ ဝါဇီစက်ရုံနှင့် ကပစ စက်ရုံတို့ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

အကြမ်းဖက် စစ်တပ်၏ ဝါဇီစက်ရုံနှင့် ကပစ စက်ရုံတို့ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၇

မကွေးတိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ငွေစက္ကူ ရိုက်ထုတ်သည့် ဝါဇီစက်ရုံနှင့် ကပစ စက်ရုံ တို့ကို ဧပြီလ ၁၆ ရက်နေ့တွင် ရှော့တိုက်ဒုံး ၅ လုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Black Hawk Seinkphyu Revolution Front အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“နံနက် ၆ နာရီဝန်းကျင်က အဖွဲ့ ၃ ဖွဲ့ခွဲလှုပ်ရှားခဲ့ပါတယ်။ ထိခိုက်မှုတော့ ရှိတယ်ဗျ။ အခြေအနေအတိအကျတော့ မသိရပေမယ့် ရှော့တိုက်ဒုံးပစ်တဲ့နေရာကိုတော့ ဝါဇီတပ်က စစ်ခွေးတွေ လာရောက်စစ်ဆေးတာတော့ရှိတယ်” ဟု Black Hawk Seinkphyu Revolution Front အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် ဆိပ်ဖြူ အနောက်ပိုင်း အုပ်ချုပ်ရေးမှူး အောင်မိုးဝင်း အိမ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့​ပြီး သင်္ကြန် လုံခြုံရေး ယူနေသည့် စစ်သားနှင့် ရဲများ ရောက်လာသည့်အတွက် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Hawk Seinkphyu Revolution Front အဖွဲ့နှင့်အတူ စလေမြို့အခြေစိုက် OAK AWE UG အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article