25 C
Yangon

မတ္တရာ-စဉ့်ကူး အစပ် တောင်ယာကြီးရွာမှ ထင်းခုတ်ပြီး ပြန်လာသည့် ကိုမျိုးဇော်ဦးကို စစ်တပ်က ခေါင်းဖြတ်သတ်ပြီး ဦးခေါင်းကို အိမ်တိုင်တွင် စိုက်ထားခဲ့

Must read

မတ္တရာ-စဉ့်ကူး အစပ် တောင်ယာကြီးရွာမှ ထင်းခုတ်ပြီး ပြန်လာသည့် ကိုမျိုးဇော်ဦးကို စစ်တပ်က ခေါင်းဖြတ်သတ်ပြီး ဦးခေါင်းကို အိမ်တိုင်တွင် စိုက်ထားခဲ့

ရန်ကုန်၊ မေ ၁၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ် အစပ်ရှိ တောင်ယာကြီးရွာမှ ထင်းခုတ်ပြီးပြန်လာသည့် ကိုမျိုးဇော်ဦးကို အကြမ်းဖက် စစ်တပ်က ခေါင်းဖြတ်သတ်ပြီး ဦးခေါင်းကို အိမ်တိုင်၌ စိုက်ထားခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မတ္တရာမြို့မှ FAW ကား ၃ စီးဖြင့် ယက်ကန်းစင်တောင်ကို ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တောင်ယာကြီးကျေးရွာနှင့် ယက်ကန်းစင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက် မွှေနှောက်ပြီး တောင်ယာကြီးရွာမှ ထင်းခုတ်ပြီး ပြန်လာသည့် ကိုမျိုးဇော်ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးကာ ခေါင်းဖြတ်သတ်ပြီး ဦးခေါင်းကို အိမ်တိုင်၌ စိုက်ထားခဲ့ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်းက မတ္တရာမြို့ကနေပြီးတော့မှ စစ်ခွေးတွေက Faw ကား ၃ စီးနဲ့ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ် အစပ်မှာရှိတဲ့ ယက်ကန်းစင်တောင်ကို ရောက်ရှိလာပြီးတဲ့နောက်မှာ တောင်ယာကြီး ကျေးရွာဘက်တို့ ယက်ကန်းစင်ရွာထဲတို့ကို စစ်ကြောင်းထိုးပြီးတော့ ဝင်ရောက် မွှေနှောက်ခဲ့တာရှိတယ်။ ယက်ကန်းစင်တောင်ရွာကနေပြီးတော့မှ ထင်းခုတ်လာတဲ့ အမျိုးသား ၁ ဦးကို စကစ က ဖမ်းဆီးပြီးတော့ ဘာအကြောင်းမှ မရှိဘဲနဲ့ ခေါင်းဖြတ် သတ်သွားတာ ဦးခေါင်းကိုလည်း အိမ်တိုင်မှာ စိုက်ထားခဲ့တယ်” ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article