29 C
Yangon

ရေစကြိုရှိ တပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာပြင်းထန်

Must read

ရေစကြိုရှိ တပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာပြင်းထန်

ရန်ကုန်၊ ဧပြီ ၁၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ခလရ ၂၅၈ နှင့် ၂၅၆ တပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာ ပြင်းထန်စွာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ဧပြီလ ၁၆ ရက် နံနက် ၉ နာရီခန့်အချိန် အဆိုပါတပ်ရင်း ၂ ခုကို PDF တပ်ပေါင်းစုက တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခလရ ၂၅၆ တပ်မှ စစ်သား ၇ ဦး ဒဏ်ရာရရှိပြီး စစ်သား ၂ ဦးသေဆုံးကြောင်း၊ ခလရ ၂၅၈ တပ်မှ စစ်သား ၃ ဦး ဒဏ်ရာ ပြင်းထန်ပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။

“ရေစကြို ဖူလုံတပ် ၂၅၈၊ ၂၅၆ ကို Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပစ်မှတ်တည့်တည့်သို့ ထိမှန်အောင်ပစ်ချနိုင်ပြီး ၂၅၈ တပ်မှ ၃ယောက်ထိမှန်ပါတယ်။ ဒဏ်ရာ ပြင်းထန်လို့ ၁ ဦးသေ ဆုံးပါတယ်။ ၊ ခလရ ၂၅၆ တပ်မှ ၇ ယောက်ထိမှန်ပြင်းထန်ပြီး ၂ ယောက်သေပြီး အောင်မြင်စွာ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်ဆင်ရေးကို MRTF DRONEတပ်ဖွဲ့က ဦးဆောင်ပြီး ဒေါင်းသွေးနီတပ်ဖွဲ့၊ RPDF တပ်ဖွဲ့၊ ရေစကြို ပကဖ မိုးကြိုးတပ်ဖွဲ၊ သံမဏိသိန်းဌက်တပ်ဖွဲ့တို့နှင့်ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဒရုန်းကို ကြည့်ရှုနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article