28 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် သင်္ကြန်ကာလ ပြင်ဦးလွင်တွင် လက်ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး မိသားစုနဲ့ အချိန်ဖြုန်း

Must read

အကြမ်းဖက် မင်းအောင်လှိုင် သင်္ကြန်ကာလ ပြင်ဦးလွင်တွင် လက်ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး မိသားစုနဲ့ အချိန်ဖြုန်း

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သင်္ကြန်ကာလ ပြင်ဦးလွင်မှာ နေထိုင်ရင်း လက်ခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်ဟာ သင်္ကြန်တွင်းကာလတစ်ခုလုံး ပြင်ဦးလွင်မှာသာ နေထိုင်ခဲ့ ပြီး သူ ပြင်ဦးလွင်ရှိနေချိန်မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။

“မေမြို့အနီးစခန်း လေဆိပ်ရှေ့က ရပ်ကွက်မှာ လမ်းတိုင်း စစ်ခွေးနဲ့ရဲခွေး နှစ် ကောင်ကနေ လေးကောင်အထိ ပေအနည်းငယ်ပဲခြားပြီး သင်္ကြန်တွင်း တစ်တွင်း လုံးအစောင့်တွေ ထူထူထပ်ထပ်ချတယ်။ ညဆိုရင် လှည့်ကင်း တွေအပြည့်နဲ့ ။ ရပ်ကွက်ကတော့ မအလ ရောက်နေလို့ ဆိုတာ သိကြတယ်” ဟု မေမြို့ ဒေသပြည်သူတစ်ဦးက ဆိုပါတယ်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်စစ်ရုံးရဲ့ သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲနဲ့ အခမ်းအနားတွေကို မတက်ရောက်ခဲ့ဘဲ သူ့အစား ဒုစစ်ခေါင်းဆောင် စိုးဝင်းကပဲ တာဝန်ယူခဲ့ပါတယ်။

မင်းအောင်လှိုင်ဇနီး ကြူကြူလှကတော့ မန္တလေးဘက်ကို ခဏဆင်းပြီး သင်္ကြန် မဏ္ဍပ်တချို့ကိုသွားကြည့်တာမျိုး နေ့ချင်းပြန် ခဏ သွားလည် တာမျိုးတွေ ရှိခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ သင်္ကြန်တွင်းတစ်တွင်းလုံး သူ့ဘယ်ဘက်လက် ခွဲစိတ် ကုသမှုခံ ယူပြီး ကြူကြူလှ၊ သားသမီး၊ မြေးတွေနဲ့ အချိန်ကုန်ခဲ့တယ်လို့ သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article