38 C
Yangon

ကျိုက်ထို၊ အလူးကျေးရွာကို စစ်တပ်က စီးနင်း မီးရှို့မှုကြောင့် နေအိမ် ၃ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

Must read

ကျိုက်ထို၊ အလူးကျေးရွာကို စစ်တပ်က စီးနင်း မီးရှို့မှုကြောင့် နေအိမ် ၃ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ရန်ကုန်၊ ဧပြီ ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာကို စစ်တပ်က စီးနင်း မီးရှို့မှုကြောင့် နေအိမ် ၃ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း KNU−ဗဟို ထံမှ သိရသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၂၂ မိနစ်တွင် ကျိုက်ထိုမြို့နယ် အလူးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာရှိ နေအိမ်များကို မီးရှို့နေစဥ် ဖြတ်သန်း သွားလာနေသည့် ပြည်သူပိုင်ဆိုင်ကယ် ၆ စီးကို လုယူသွားကြောင်း၊ ထို့ပြင် အလူးကြီးရွာသား အသက် ၅၅ နှစ်အရွယ် အမျိုးသား ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။

“ရွာနားမှာက သူတို့ကင်းပုန်းတွေအမြဲရှိတယ်။ ရွာအပြင်ဖက်မှာ တော်လှန်ရေးအင်အားစုတွေ သူတို့ ကားတန်းကို မိုင်းဆွဲတာတွေလဲရှိတယ်။ မိုင်းဆွဲတဲ့အခါတိုင်းရွာကိုလာခြိမ်းခြောက်တယ်။ အရင်က မိုင်းဆွဲ လိုက်တိုင်း ရာဘာခြံတွေ ဥယျာဥ်ခြံတွေ မီးရှို့ခဲ့တာတွေရှိတယ်။ မီးလောင်တာတွေ့လို့ မီးသွားငြိမ်းရင် သွားတဲ့လူတွေကိုခြိမ်းခြောက်တယ် မီးပေးမငြိမ်းဘူး အခုလဲ သူတို့မိုင်းဆွဲခံရလို့ ရွာထဲလာပြီး မီးလာရှို့တာ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article