35 C
Yangon

မန္တလေးတွင် NLD အစိုးရခေတ် ပညာရေး နေရာအဖြစ် သတ်မှတ်ထားခဲ့သည့် မြေများကို စစ်ကောင်စီနှင့်ခရိုနီတို့ ပူပေါင်း၍ အကွက်ရိုက် သိန်းထောင်ချီ ဖြင့် ရောင်းချ

Must read

မန္တလေးတွင် NLD အစိုးရခေတ် ပညာရေး နေရာအဖြစ် သတ်မှတ်ထားခဲ့သည့် မြေများကို စစ်ကောင်စီနှင့်ခရိုနီတို့ ပူပေါင်း၍ အကွက်ရိုက် သိန်းထောင်ချီ ဖြင့် ရောင်းချ

ရန်ကုန်၊ ဧပြီ ၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၄၇ x ၄၈ ကြား ၊ ၁၁၃ x ၁၁၄ ကြားရှိ မြေနေရာ ကို NLD အစိုးရ ခေတ်လက်ထက်တွင် ပညာရေးနေရာအဖြစ် သတ်မှတ် ရောင်းချခွင့် ပိတ်ပင်ခဲ့ သော်လည်း စစ်ကောင်စီလက်ထက်တွင် ခရိုနီ ဦးကျော်ဝင်းက စစ်တပ်နှင့် ပူးပေါင်း၍ ယင်းမြေများကို အကွက်ရိုက် ရောင်းချနေကြောင်း သိရှိရသည်။

အဆိုပါ မြေနေရာမှာ မြို့သစ်ဖော်သည့် အချိန်ကတည်းက ပညာရေးနေရာ အဖြစ် မြေပုံတွင် သတ်မှတ်ထားသည့် နေရာဖြစ်သော်လည်း ခရိုနီ ဦးကျော်ဝင်း က စစ်ကောင်စီထံမှ လုပ်ပိုင်ခွင့် တောင်းယူကာ အကွက်ရိုက် ရောင်းချနေ ခြင်း ဖြစ်ကြောင်း စီးပွားရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံ သို့ပြောကြားသည်။

“NLD အစိုးရတက်လာတဲ့အချိန်မှာ သွင်းတဲ့ တန်ဖိုးနဲ့ မြေတန်ဖိုး မညီမျှတာ တစ်ကြောင်း၊ ပြီးတော့ ပညာရေးနေရာဖြစ်နေတာတစ်ကြောင်းမို့ ပြန် လည် သိမ်းယူခဲ့ပါတယ်။ အခုမှ စစ်တပ်နဲ့ ခရိုနီတွေ ပေါင်းပြီး ပြန်လုပ်တာပါ။ အဓိက က ပြည်သူတွေ မဝယ်မိဖို့ပါ” ဟု စီးပွားရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ မြေနေရာမှာ ဧက ၃ ဒသမ ၀၃ ဧကရှိပြီး ဦးကျော်ဝင်းက အဆိုပါမြေကို ငွေကျပ် သိန်း ၅ ထောင်ကျော်ဖြင့်သာ စစ်ကောင်စီကို အခွန်သွင်း ရယူ ခဲ့ ကြောင်း၊ ယင်းနောက် ယင်းမြေများကို အကွက်ရိုက်ပြီး ရောင်းချရာတွင် သိန်း ပေါင်း ၂ သိန်းမက ရရှိရန် လုပ်ဆောင်လာကြောင်း၊ လက်ရှိ အကွက်ရိုက် ရောင်းချ ရာ တွင် ၄၀x၆၀ မြေတစ်ကွက်လျှင် သိန်း ၄ ထောင်မှ ၈ ထောင်အထိ စျေးနှုန်းဖြင့် ရောင်း ချနေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article