37 C
Yangon

ကလေးမြို့ပင်မ သပိတ်အဖွဲ့ဝင် မကိမ်ဘွဲ့ ကို စစ်တပ်က ဖမ်းဆီးပြီးနောက် ၎င်း၏နေအိမ်ကို ဘူဒိုဇာနဲ့ဖြိုချဖျက်ဆီး

Must read

ကလေးမြို့ပင်မ သပိတ်အဖွဲ့ဝင် မကိမ်ဘွဲ့ ကို စစ်တပ်က ဖမ်းဆီးပြီးနောက် ၎င်း၏နေအိမ်ကို ဘူဒိုဇာနဲ့ဖြိုချဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်း၊ကလေးမြို့၊တောင်ဖီလာရပ်ကွက်က ကလေးပင်မသပိတ် စစ်ကြောင်း ရဲ့အဖွဲ့ဝင် တစ်ဦး ဖြစ်သူ မကိမ်ဘွဲ့(ခေါ်)ကျိန်ဒွန့်ကိမ်ကို စစ်တပ်က ဖမ်းဆီးပြီးနောက် နေအိမ်ကို ဒီကနေ့ ဧပြီလ ၁၉ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင် မှာ ဘူဒိုဇာနဲ့ စစ်တပ်က ဖြိုချ ဖျက်ဆီးသွားတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

အိမ်နားလမ်းပေါ်မှာ စစ်သားတွေကစောင့်ပြီး JCB နဲ့ဖြိုချသွားတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က မကိမ်ဘွဲ့(ခေါ်)ကျိန်ဒွန့်ကိမ်ကို ဧပြီ ၁၆ရက်နေ့ တပ်ဦးသီတာရပ်ကွက်၊ဗိုလ်ချုပ် လမ်းမ ထက် တံတားဦးအနီး လျှပ်တပြက်သပိတ်ပြုလုပ်နေစဥ် အခြားသပိတ်အဖွဲ့ဝင်သုံးဦးနဲ့ အတူဖမ်း ဆီးသွားခဲ့တာလည်းဖြစ်ပါတယ်။

မကျိန်ဒွန့်ကိမ်ကိုဖမ်းဆီးပြီးမှာ သူမရဲ့မိခင်၊သူမရဲ့ ဝမ်းကွဲညီမငယ်နဲ့ မောင်ငယ်တို့ကိုပါ စစ်ကောင်စီ က လာရောက် ဖမ်းဆီးခဲ့ပြီး ညီမနဲ့မောင်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article