38 C
Yangon

မတ္တရာမြို့နယ်၊ ကင်းရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ် ပြီး အလောင်းတွင် သွေးသောက်တံဆိပ် ချိတ်ဆွဲခဲ့

Must read

မတ္တရာမြို့နယ်၊ ကင်းရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ် ပြီး အလောင်းတွင် သွေးသောက်တံဆိပ် ချိတ်ဆွဲခဲ့

ရန်ကုန်၊ ဧပြီ ၂၃

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းရွာသား ကိုဖိုးထောင်ကို စစ်ကောင်စီ တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး အလောင်းတွင် သွေးသောက်တံဆိပ် ချိတ်ဆွဲ ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် မတ္တရာမြို့နယ်၊ ကင်းရွာသား အသက် ၁၉ နှစ်အရွယ် ကိုဖိုးထောင်၏ အလောင်းကို စစ်တပ်က သွေးသောက် တံဆိပ် ချိတ်ဆွဲ၍ စွန့်ပစ်ထားကြောင်း၊ ကိုဖိုးထောင်ကို ဧပြီလ ၈ ရက်နေ့တွင် စစ်တပ် က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဧပြီလ ၈ရက်နေ့ မြကန်သာရွာ၊ အဲလ်ဖာဘိလပ်မြေစက်ရုံအဝင်၊ကွန်ကရစ် လမ်းမှာ ကင်းရွာသား ကိုဖိုးထောင်ကို စစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။ ဒီနေ့ မှာမှ သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်တယ်။ အလောင်းမှာ သွေးသောက် တံဆိပ် စာတန်းကို ဆွဲခဲ့တယ်။ ဘာကြောင့် အခုလို သတ်ဖြတ်တာလဲဆိုတော့ အရပ်သားကိုလည်း PDFဆိုပြီး စွပ်စွဲပြီး သူတို့ သတ်ချင်သလို သတ်နေတာပါပဲ။ အလောင်းကတော့ စခတွေ ထွက်သွားပြီး မွန်းတည့် ၁၂နာရီကျော်မှာတွေ့ ခဲ့တာဗျ။ သွေးသောက်အဖွဲ့က သတ်တယ်ဆိုတာမျိုး ပြည်သူကို လှည့်စားတဲ့ သဘော မျိုးလုပ်တာ စစ်တပ်က အလောင်းမှာ သွေးသောက်တံဆိပ်ဆွဲခဲ့တာ” ဟု ကိုဖိုးထောင်၏ ဆွေမျိုးတစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီကို ဒေသပြည်သူများက တော် လှန် နေကြပြီး စစ်တပ်ကလည်း ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများ ကို သတ်ဖြတ်များ နေ့စဉ်လိုလို လုပ်ဆောင်နေလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article