32 C
Yangon

လောင်းလုံးတွင် စစ် ထောက်လှမ်းရေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

လောင်းလုံးတွင် စစ် ထောက်လှမ်းရေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ထောက်လှမ်းရေး ဇော်လင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ခန့်တွင် လောင်းလုံးမြို့နယ် ကျောက်ပုံ ကျေးရွာရှိ စစ်မှုထမ်းဟောင်း ထောက်လှမ်းရေး ဇော်လင်းကို လောင်းလုံးမြို့ နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဇော်လင်းသည် မအူပင်မြို့ ဇာတိဖြစ်ပြီး သကျက်တော ရဲစခန်းတွင် ရှိစဥ်တည်းက စစ်ကောင်စီတပ်သားများနှင့် ရောထွေး သွားလာ ကာ ပြည်သူများကို သတင်းပေး တိုင်ကြားမှုများကြောင့် အကြိမ်ကြိမ် သတိပေး ထားခဲ့ကြောင်း၊ သို့သော် ယခုအချိန်ထိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စစ်ကြောင်းထိုးမှုများတွင် လိုက်ပါကာ လောင်းလုံးမြို့နယ်အတွင်း PDF စခန်း ၏ တည်နေရာအား စုံစမ်းမှုများ၊ သတင်းပေးနေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော ဇော်လင်းသည် ဒုတပ်ကြပ်အဆင့်ရှိ စစ်သား ဟောင်း တစ်ဦးဖြစ်ပြီး လောင်းလုံးမြို့နယ်၏ တည်နေရာ မြေပုံများကို စစ်ကောင်စီထံ ပေးပို့နေသူ တစ်ဦးဖြစ်ကြောင်း၊ ၎င်းအား ရှင်းလင်းခဲ့ပြီးချိန်တွင် မြေပုံအပိုင်းအစ တချို့လည်း ရရှိခဲ့ပြီး မြေပြင်စစ်ဆေးမှုအရ ၎င်းနေရာကို ရေတပ်မှ လက်နက်ကြီးများ အကြိမ်ကြိမ်ပစ်ခတ်ထားကြောင်း၊ ၎င်းသည် သတိပေးမှု အကြိမ်ကြိမ် လုပ်ဆောင်ထားသော်လည်း စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်း လုပ်ဆောင်နေမြဲ ဖြစ်သည့် အတွက် LLPDF မှ ရှင်းလင်း ခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article