30 C
Yangon

မြိုင်၊ ညောင်တွင်း အနောက်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၂ လုံးပြာကျ

Must read

မြိုင်၊ ညောင်တွင်း အနောက်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၂ လုံးပြာကျ

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်တွင်း အနောက်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း မြိုင်မြို့-နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီ ၂၄ ရက်နေ့ နံနက် ၇:၀၀ ခန့်တွင် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်၊ ညောင်တွင်း အနောက်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၃၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး။ နေအိမ် ၃၂ လုံးမီးလောင် ပြာကျတယ်လို့ သိရတယ်” ဟု မြိုင်မြို့-နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article