36 C
Yangon

သာယာဝတီ မြို့နယ် NLD ပါတီရုံးကို စစ်အုပ်စုက အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ဖျက်ဆီး

Must read

သာယာဝတီ မြို့နယ် NLD ပါတီရုံးကို စစ်အုပ်စုက အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂၆

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် NLD ပါတီရုံးကို စစ်အုပ်စုက အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ ည ၇ နာရီခန့်တွင် သာယာဝတီမြို့နယ် NLD ပါတီရုံးကို စစ်ကောင်စီ၏ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ကြည်မျိုးလွင် (ခ) ကြည်လေး ဦးဆောင်သော စစ်သား၊ ရဲ၊ ကြံ့ဖွတ်ပါတီဝင်များ၊ ပျူစောထီးများ၊ မဘသ အဖွဲ့ဝင်နှင့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များက အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ဖျက်ဆီးခဲ့​ပြီး ရုံးအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် ဦးဝင်းမြင့် ဓာတ်ပုံတို့ကိုလည်း ခြေဖြင့်နင်းကာ ဆဲဆို သောင်းကျန်းခဲ့ကြောင်း သိရသည်။

” ညတုန်းက သာယာဝတီမြို့နယ် NLD ရုံးကို စစ်ခွေး အုပ်စုတွေ ဝင်ရောက် ဖျက်ဆီးတယ်။ သာယာဝတီမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို စကစ မှ လူအင်အားများစွာဖြင့် ဝင်ရောက် ဖျက်ဆီးတာပါ။ စစ်ကောင်စီရဲ့ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ကြည်မျိုးလွင် (ခ) ကြည်လေး ဦးဆောင်တဲ့ စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးများနဲ့ မဘသ အဖွဲ့ဝင်တွေ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ ပါတယ်လို့ သိရတယ်။ အထဲမှာ အမေစုနဲ့ သမ္မတကြီးပုံကို ခြေနဲ့နင်းပြီး ဆဲဆိုသောင်းကျန်းသွားတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ သာယာဝတီမြို့နယ် NLD ပါတီရုံးသည် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆရာစံမြို့သစ်၊ လ.၀.က ရုံးဘေးတွင် တည်ရှိကြောင်း၊ ရုံးမျက်နှာစာရှိ မြို့နယ် ပါတီ ဆိုင်းဘုတ်၊ ခရိုင် ပါတီ ဆိုင်းဘုတ်၊ လွတ်တော် ကိုယ်စားလှယ်ရုံးဆိုင်းဘုတ်နှင့် NLD ပါတီ အလံတိုင်တို့ ဖျက်ဆီးသွားပြီး လက်ရှိချိန်ထိ စစ်သားများက ရုံးအနီးအနားတွင် ကင်းပုန်းဝပ်၍ စောင့်ကြည့်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article