29 C
Yangon

ထီးလင်း၊ ပအဖရုံးကို ဗုံးကျဲ တိုက်ခိုက် ပြီးနောက် ခြေလျင် စစ်ကြောင်း ထိုးလာသည့် စစ်တပ်နှင့် YRA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၄ ဦး သေဆုံး

Must read

ထီးလင်း၊ ပအဖရုံးကို ဗုံးကျဲ တိုက်ခိုက် ပြီးနောက် ခြေလျင် စစ်ကြောင်း ထိုးလာသည့် စစ်တပ်နှင့် YRA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၆

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ရုံးကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပြီးနောက် မြေပြင်မှ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း YRA – Htilin တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၀ ရက် နံနက် နေ့လည် ၁၂ နာရီ မိနစ် ၂၀ ခန့်က ထီးလင်းမြို့နယ်၊ လောင်းဘိုလေး ကျေးရွာ အနီးရှိ ထီးလင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ရုံး(အနောက်ခြမ်း) ကို အကြမ်းဖက်စစ်တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် ထီးလင်းမြို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၁၅၀ ခန့် ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာရာ ဂန့်ဂေါခရိုင် တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ -YRA ထီးလင်း မှ ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပုဇင်းချောင်ကျေးရွာနဲ့ ထန်းပင်ကုန်းကျေးရွာကြားမှာဖြစ်တာ၊ ၂၀ ရက်နေ့ ၃ နာရီကျော်ကျော် မခွဲခင် လောက်မှာဖြစ်တာ၊ လေယာဉ်နဲ့ ဗုံးကျဲတဲ့ ပအဖရုံးကို မြေပြင်ကွင်းဆင်းအတည်ပြုမယ်ဆိုတဲ့ ရည်ရွယ် ချက်ဖြစ်ဖို့များတယ်၊ ကျနော်တို့က ကြားဖြတ်တိုက်လိုက်တဲ့အတွက် အဲဒီနေမှာ တစ်ညအိပ်သွားတယ်၊ တစ်ညအိပ်ပြီးနောက်နေ့ကျမှ ရုံးပတ်ဝန်းကျင်တောတွေတောင်တွေထဲရောက်လာတယ်၊ ရုံးနားကိုတော့ ရောက်မလာဘူး၊ မြေပုံအညွန်းတွေ၊ အတည်ပြုချက်တွေယူပြီးတဲ့အခါမှာ ဧပြီလ ၂၄ ရက်နေ့ညမှာ ထီး လင်းကို ပြန်ဝင်သွားကြပြီ” ဟု YRA – Htilin တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်း အကြမ်းဖက် စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၅ အိမ်သာရှိသော ပုဇင်းချောင်ကျေး ရွာမှ နေအိမ် ၂၂ လုံးမီးလောင်ပြာခဲ့ပြီး ဂန့်ဂေါခရိုင် တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ -YRA ထီးလင်း တပ်ဖွဲ့မှ ချုံခိုက်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ ၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article