35 C
Yangon

ခင်ဦး၊ မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက် ရွာလုံးကျွတ် မီးတင်ရှို့နေ

Must read

ခင်ဦး၊ မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက် ရွာလုံးကျွတ် မီးတင်ရှို့နေ

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့် တွင် ထပ်မံ မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေက ၂ ရက်ဆက်ကို ရွာလုံးကျွတ် မီးရှို့နေတာ မနေ့က ညနေပိုင်းတည်းက ရွာကိုရောက်နေတာ ညပိုင်းထိမီးရှို့ပြီး အခု မနက်ထပ်ရှို့နေတာ မီးတော်တော်များတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

Photo – ခင်ဦး၊ မြို့သစ်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်း မီးရှို့နေသည်ကို တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article