33 C
Yangon

ဆားလင်းကြီး၊ ထန်းတောဆိပ်ရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ဆားလင်းကြီး၊ ထန်းတောဆိပ်ရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းတောဆိပ်ရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ်၊ ထန်းတောဆိပ်ရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်​ကြောင်း၊ ထို့ပြင် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

” ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ညောင်ပင်ကြီးရဲစခန်းနားက ထန်းတောဆိပ်ရွာကို စစ်ခွေးတွေ ဝင်ရောက် စီးနင်းပြီး မီးတင်ရှို့နေတယ်။ ခုထိတော့ မီးမငြိမ်းသေးဘူး။ ကျေးရွာ ၁၀ ရွာက သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article