28 C
Yangon

ထန်တလန်မြို့နယ်ရှိ တလန်လိုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးကြောင်း ကနဦး သိရ

Must read

ထန်တလန်မြို့နယ်ရှိ တလန်လိုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးကြောင်း ကနဦး သိရ

ရန်ကုန်၊ ဧပြီ ၂၇

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ တလန်လိုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးကြောင်း ကနဦး သိရသည်ဟု The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ၃ နာရီ ၃၀ မိနစ်ခန့်တွင် ထန်တလန်မြို့နယ်၊ CNA ဌာနချုပ် အနီးရှိ တလန်လိုကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးကြောင်း ကနဦး သိရှိရသည်။

တလန်လို ကျေးရွာအတွင်းရှိ Presbyterian ဘုရားကျောင်းနှင့် နှစ်ခြင်း ဘုရား​ကျောင်း အကြားတွင် အကြမ်းဖက် စစ်တပ် တိုက်လေယာဥ်က ကျဲချခဲ့သည့်ဗုံး ကျရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” သေဆုံးမှု ကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်” ဟု The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article