28 C
Yangon

မင်းလှမြို့နယ်၊ ရေယဥ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၂ လုံးပြာကျ

Must read

မင်းလှမြို့နယ်၊ ရေယဥ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၂ လုံးပြာကျ

ရန်ကုန်၊ ဧပြီ ၂၈

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရေယဥ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက် ဆီးရာ ပြည်သူပိုင်နေအိမ် ၂၂ လုံးပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် မင်းလှမြို့နယ် ရေယဥ်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခံရသော ရေယဥ်ရွာသည် အိမ်ခြေ ၂၃ လုံးသာရှိသော ​ကျေးရွာ တစ်ရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၂ လုံးပြာကျကာ ကျေးရွာအတွင်း၌ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁ လုံးသာ ကျန်ရှိတော့ကြောင်း သိရသည်။

“PDF ကို တိုက်ချင်ရင် PDF ပဲ တိုက်ကြပါ။ ကျွန်တော်တို့ ပြည်သူတွေကို ကာကွယ် ဖို့ လစာယူ သစ္စာ ဆိုထားတဲ့ စစ်တပ်က ပြည်သူတွေကို တိုက်ခိုက် တာ ပြည်သူ့ အိုးအိမ်တွေကို မီးရှို့တာဟာ အလွန်မတန် ယုတ်ညံ့နိမ့်ကျလွန်းတဲ့ စိတ်ဓာတ်တွေပါပဲ ” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article