29 C
Yangon

စစ်ကိုင်း၊ ပဒူကျေးရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ် က ရွာကို စီးနင်းထားသဖြင့် စစ်ဘေးရှောင် ပြည်သူ သောင်းချီ နေရပ် ပြန်ခွင့်မရသေးဘဲ စားဝတ်နေရေး အခက်အခဲများကြုံနေရ

Must read

စစ်ကိုင်း၊ ပဒူကျေးရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ် က ရွာကို စီးနင်းထားသဖြင့် စစ်ဘေးရှောင် ပြည်သူ သောင်းချီ နေရပ် ပြန်ခွင့်မရသေးဘဲ စားဝတ်နေရေး အခက်အခဲများကြုံနေရ

ရန်ကုန်၊ မေ ၂၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာတွင် မေလ ၁၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ် တပ်က ရွာကို စီးနင်းထားသဖြင့် စစ်ဘေးရှောင် ပြည်သူသောင်းချီ နေရပ် ပြန်ခွင့်မရသေးဘဲ စားဝတ်နေရေး အခက်အခဲများကြုံနေရကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။

မေလ ၁၉ ရက်နေ့မှစတင်ပြီး ပဒူကျေးရွာအနီးတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ပဒူရဲစခန်းကို တော်လှန် ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်၊ ရဲနှင့်ပျူစောထီးများက ပဒူကျေးရွာကို စီးနင်းပြီး မီးရှို့ဖျက်ဆီးခြင်း၊ လုယက်မှုများ လုပ်ဆောင်ကြောင်း၊ ပဒူကျေးရွာ အပါအဝင် ပတ်ဝန်းကျင်ကျေးရွာမှ ပြည်သူသောင်းချီ ထွက်ပြေး တိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သိရှိရသည်။

“စစ်ရှောင်တွေ နေရပ် မပြန်နိုင်သေးပါဘူး။ မေလ ၁၉ရက်နေ့ကတည်းက ပြေး‌နေရတာ။ ခွေးက ပဒူရွာထဲ မီးရှို့လိုက်၊ အိမ်တွေထဲက ပစွည်းတွေ ဖောက်ထွင်းခိုးယူလိုက်နဲ့။ ပစ္စည်းတွေကို စစ် ကားတွေနဲ့ တပ်မ ၃၃ ကိုသယ်နေ ကြတယ်။ ပဒူ ၊ကံကြီးကုန်း၊ကျောက်ပနန်၊ရွာသစ်၊ တောင်ရင်း ရွာတွေက အခုအချိန်အထိကို ရွာထဲ၀င်မရသေးဘူး။ ပြည်သူကတော့ သောင်းချီ စစ်ဘေးရှောင်နေရတယ်။ ဆန်နဲ့ရိက္ခာ လိုအပ်နေတယ်။ တကယ်လို့ လှူမယ်ဆိုရင် နီးစပ်ရာ ကူကြပါ။ စစ်တပ်က လက်နက်ကြီးတွေ ဆင်ပြီး ညတိုင်း ပဒူကျေးရွာ ပတ်ပတ်လည်ကို ထုနေတယ်။ မီးရှို့ ၊ပစွည်းယူ လုပ်နေတာ ခွေးတွေက။ ပဒူကျေးရွာ၊ ရပ်ကွက် ၂ ခုကတော့ အိမ်ခြေအ‌ကုန်လောင်တယ်။ ပဒူကျေးရွာမှာ ၇ ရပ်ကွက်ရှိတယ်။ ပဒူ၊ကန်ကြီးကုန်း၊ကျောက်ပနန်၊ကျောက်ပနန်ရွာသစ်၊ တောင်ရင်း ဒီရွာတွေ ပြည်သူ လုံး၀၀င်မရဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၀၀ ကျော် ပျက်စီး ဆုံး ရှုံးပြီး အဖိုးတန်ပစ္စည်းများကို ပျူစောထီးနှင့်စစ်သားများက လုယက်နေကြောင်း၊ ပဒူ ကျေး ရွာတွင် လက်နက်ကြီးတပ်ဆင်၍ ပြည်သူများကို ရမ်းသမ်းပစ်နေခဲ့ကြောင်း သိရှိရသည်။

” အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိတဲ့ ပဒူကျေးရွာ ရပ်ကွက် ၄ ခုမှာ နေအိမ် ၅၀၀ကျော် မီးလောင် ဆုံးရှုံးပါတယ်။ ဒီနေ့ နံနက်ပိုင်းမှာ ပဒူရွာကို စစ်ခွေး ၊ ပျူစောထီးတွေက ထပ် ဝင်လာပြီး မီးမ လောင်တဲ့ လူနေအိမ်များကိုဖောက်တွင်းကာ အဖိုးတန်ပစွည်းများ ယူဆောင် နေပါတယ်။ ဆီပန့်ဆိုင်မှ ဆီများကိုလည်း ခိုးထုတ်ယူနေပါတယ်။ ၁၂ဘီး တစ်စီး ခြောက်ဘီးတစ်စီးနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတာ ” ဟု စစ်ကိုင်းမြို့နယ် တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတိုက်ပွဲများကြောင့် ပဒူ ၊ကံကြီးကုန်း၊ကျောက်ပနန်၊ရွာသစ်၊ တောင်ရင်း ကျေးရွာ အပါအဝင် ဘေးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူ သောင်းချီ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article