29 C
Yangon

ထိုင်းနိုင်ငံ၊ ချင်းရိုင်ဒေသတွင် အသက် ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် မြန်မာ ၃၀ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီး

Must read

ထိုင်းနိုင်ငံ၊ ချင်းရိုင်ဒေသတွင် အသက် ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် မြန်မာ ၃၀ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီး

ရန်ကုန်၊ မေ ၅

ထိုင်းနိုင်ငံ၊ ချင်းရိုင်ဒေသတွင် အသက် ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် မြန်မာ ၃၀ ဦးကို တရားမဝင် ဝင်ရောက်လာမှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းအခြေစိုက် Maesai Press က သတင်းဖော်ပြသည်။

မေလ ၃ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ထိုင်းနိုင်ငံသား ၂ ဦး မောင်းနှင်လာသော ကား ၂ စီးကို ထိုင်းအာဏာပိုင်များ က တားဆီးစစ်ဆေးရာတွင် တရားမဝင် အထောက်အထားမဲ့ မြန်မာ ၃၀ ဦးကို ဖမ်းဆီးရမိကြောင်း၊ ဖမ်းဆီးရမိသော မြန်မာများတွင် အသက် ၂၄ နှစ်မှ အသက် ၄၅ နှစ်အထိ အမျိုးသား ၉ ဦး၊ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အထိ အမျိုးသမီး ၁၀ ဦး၊ အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ကလေးငယ် ၁၁ ဦး စုစုပေါင်း ၃၀ ဦး ဖမ်းဆီးကြောင်း၊ ဖြစ်စဉ်နှင့်ပတ် သက်ပြီး အသေးစိတ် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသော မြန်မာ ၃၀ ဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဖြစ်ပြီး မြန်မာများကို တင်ဆောင်လာသော ကားမောင်းသမားများ‌ဖြစ်ကြသည့် ထိုင်းနိုင်ငံသား ၂ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြန်မာ ၃၀ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားစဉ်။

Photo Credit- Maesai Press ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article