29 C
Yangon

ပုဏ္ဏားကျွန်းတွင် မုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးခဲ့သည့် ကျောက်ပြင်ဆိပ်ရွာမှ ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ပုဏ္ဏားကျွန်းတွင် မုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးခဲ့သည့် ကျောက်ပြင်ဆိပ်ရွာမှ ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ မေ ၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးခဲ့သည့် ကျောက်ပြင်ဆိပ်ရွာမှ ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် စုဝေး နေထိုင်ရပြီး ရွာရှိ အိမ်ခြေ အားလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

” အပျက်အစီးတွေ တော်တော်လေး များနေပါတယ်။ ဒုက္ခရောက်နေတဲ့ မိသားစုတွေ အများကြီးပါ ကယ်ဆယ်ရေးတွေလဲ မရှိပါဘူး။ စားနပ်ရိက္ခာလိုအပ်နေပါတယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ ပြည်သူတွေ စုပြီးနေရတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

ကျောက်ပြင်ဆိပ်ရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသော ကျေးရွာဖြစ်ပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article