29 C
Yangon

ပေါင်မြို့နယ်၊ တံခွန်တိုင်ရွာတွင် အုပ်ချုပ်ရေးမှူး လုပ်ရဲသူ မရှိချိန် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူး ရယူခဲ့သူ စိုးမိ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါင်မြို့နယ်၊ တံခွန်တိုင်ရွာတွင် အုပ်ချုပ်ရေးမှူး လုပ်ရဲသူ မရှိချိန် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူး ရယူခဲ့သူ စိုးမိ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ တံခွန်တိုင်ရွာ အုပ်ချုပ်ရေးမှူး စိုးမိ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့ ည ၆ နာရီကျော်ခန့အေချိန် တံခွန်တိုင်ရွာ အုပ်ချုပ်ရေးမှူး စိုးမိကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီည ပစ်သတ်ခံရတာ သူ့ အမည်က ရွာ အခေါ် ဦးစိုးမိတဲ့ အရင် ကြံဖွတ် လက် ထက်က အုပ်ချုပ် ရေးမှူး NLD ပါတီ လက်ထက်မှာ ပြုတ်ပြီး ကြံ့ဖွတ် အတွက် မဲဆွယ် ရေးတွေ ဘာတွေလုပ်တာ။ အာဏာ လည်း သိမ်းရော အုပ်ချုပ် ရေး နေရာ မှာ အရေးပါသူ ဖြစ်လာတာ သတိပေးခံရတော့ ငြိမ်နေသေးတယ်။ အခု ပြန် လာလို့ ဖြစ်တာ သူကရွာရဲ့ အုပ်ချုပ်ရေးမှူးပါ” ဟု ဒေသ ပြည် သူ တစ်ဦးကပြောဆိုသည်။

ပေါင်မြို့နယ်တံခွန်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် မည်သူကမှ မလုပ်ရဲချိန်တွင် စိုးမိက ဝင်ရောက်လုပ်ကိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သိရှိရသည်။

“အပေါင်မြို့နယ် တံခွန်တိုင်ရွာ ဦးစံမိက အရင် အုပ်ချုပ်ရေးမှူးတွေက ရာထူးတာဝန်မယူရဲတော့လို့ နုတ်ထွက်ချိန်မှာ သူက အုပ်ချုပ်ရေးမှူးအဖြစ် ထလုပ်တာ။ တာဝန်ယူလိုက်တာနဲ့ PDF တွေက အကြိမ်ကြိမ်မလုပ်ဖို့ သတိပေးတယ်။ အဲဒါကို မလိုက်နာတာလို့ သိရပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article