28 C
Yangon

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစောထီး စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစောထီး စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစောထီး စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Fighter Brotherhood Guerilla Army ထံမှ သိရသည်။

မေလ ၈ ရက် ည ၉ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးအင်အားအများအပြားဖြင့် တပ်စွဲထား သော ဘန့်ဘွေး(ပျူ)စောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ တာဝေးပစ်လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး သေဆုံးထိခိုက်မှုရှိနိုင် ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်-ဆားလင်းကြီ လက်နက်ကြီး မဟာမိတ် တပ်ပေါင်းစုဝင်များ ဖြစ်ကြ သော ကျွန်ုပ်တို့ Fighter Brotherhood Guerrilla Army ၊ Eagle Defense Force(EDF) ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Salingyi Border Task Force၊ BED ငညို ပြည် သူ့ကာကွယ်ရေးတပ် ၊ Golden Star Force ၊ နယ်စည်းမခြား ဇာမဏီပြောက်ကျား၊ မဲမှောင် ပျောက် ကြား၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်၊ တောကျီးကန်း နှင့် အခြားမဟာမိတ်များ ဖြစ်ကြသော Infinite Revolution Force နှင့် ဝင်္ကပါပြောက်ကျားတပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်-ဆားလင်းကြီ လက်နက်ကြီး မဟာမိတ် တပ်ပေါင်းစု အနေဖြင့် စစ်ရေးအရှိန်မြှင့် တိုက်ခိုက် နေပြီး အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ခိုက်နေသည့် ပြည်သူ့မျက်နှာမူသော မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၊ ပြည်သူများအနေဖြင့်လည်း တတ်နိုင်သည့် ဘက်မှ ဝိုင်းဝန်းကူညီပေးကြပါရန် Fighter Brotherhood Guerrilla Army -FBGA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article