28 C
Yangon

သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးကာ ရွာသူ ရွာသားများကို အကြောင်းမဲ့ ရိုက်နှက် စစ်ဆေး

Must read

သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးကာ ရွာသူ ရွာသားများကို အကြောင်းမဲ့ ရိုက်နှက် စစ်ဆေး

ရန်ကုန်၊ မေ ၆

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးကာ ရွာသူ ရွာသားများကို အကြောင်းမဲ့ ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ကြောင်း ဒေသ ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ အကြမ်းဖက် စစ်သားများနှင့် ၇ မိုင်တပ်မှ အကြမ်းဖက် စစ်သားများ ပူးပေါင်းထားကာ အင်အား ၂၀၀ ခန့်ဖြင့် တကောင်းတိုက်နယ်၊ မန္တလေး- ဗန်းမော် ကားလမ်း အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို မီတာ ၁၅၀၀ အတွင်းမှ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်း နေပြီး မိုးကောင်းဦးဘုရား၊ ၆ မိုင်ရွာ၊ ၄ မိုင်ရွာ၊ ညောင်ကုန်းရွာတို့မှ ပြည်သူများကို ဖမ်းဆီးရိုက်နှက်စစ် ဆေးနေကြောင်း သိရသည်။

“ဒီနေ့ မနက် ၈ နာရီလောက်ကတည်းက ညောင်ကုန်းရွာက ပြည်သူ ၄၀ လောက်ကို ဖမ်းဆီး စစ် ကြောင်းရှေ့ကနေ သွားခိုင်းပြီး ရွာတွေကို ကားလမ်းဘေးရွာတွေကို လှည့်နေတာ၊ ဒီနေ့မနက် ၈ နာရီ လောက်ကလည်း မိုင်းဆွဲခံရလို့ သေသေးတယ်၊ အဖမ်းခံရတဲ့အထဲမှာ ယောက်ျားလေးတွေများတယ်၊ ရွာတွေထဲမှာ ပိတ်မိနေတဲ့ပြည်သူတွေလဲ အများကြီးပဲ၊ ယောက်ျားလေးဆို ရိုက်နှက်စစ်ဆေးနေတာ” ဟု တကောင်းတိုက်နယ်အတွင်းမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် မန္တလေး-ဗန်းမော် ကားလမ်းအရှ့ခြမ်းရှိ ကျေးရွာများဖြစ်သော မတောင်ရွာ၊ ပေါ်တော်မူရွာ၊ ဆူးတောရွာ၊ ကျောက်အိုက်ရွာ၊ ညောင်ကုန်းရွာ၊ ၃ မိုင်ရွာ၊ ၄ မိုင်ရွာ တို့မှ ပြည်သူ ရာချီထွက်ပြေးနေရကြောင်း သိရသည်။

ယမန်နေ့ (မေလ ၅ ရက်) နံနက် ၈ နာရီခန့်က တကောင်းမြို့အနီးရှိ ဆူးတောကျေးရွာကို မီးရှို့နေသော အကြမ်းဖက်စစ်သားများကို တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်း ဖက်စစ်သား ထိခိုက်သေဆုံးအများအပြားရှိခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်သားများကို နာရေးကား ၃ စီး ဖြင့် သယ်ယူခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က အင်အားအများအပြားတိုးမြှင့်ကာ စစ်ကြောင်းထိုး နေခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article