29 C
Yangon

အမရပူရ ရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူများရှိ ၊ ပြည်ကြီးတံခွန်တွင် ပျူစောထီးအဖွဲ့ ဗုံးပစ်ခံရပြီး ၃ ဦးဒဏ်ရာရ

Must read

အမရပူရ ရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူများရှိ ၊ ပြည်ကြီးတံခွန်တွင် ပျူစောထီးအဖွဲ့ ဗုံးပစ်ခံရပြီး ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ မေ ၁

မန္တလေးတိုင်း၊ အမရပူရမြို့နယ် မြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်း ဗုံးဖြင့် ပစ် ခတ် တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောသည်။

မေလ ၁ ရက်နေ့ နံနက် ၆ နာရီတွင် အမရပူရမြို့နယ် ရဲစခန်းကို ဗုံး ၂ လုံးဖြင့်လည်းကောင်း၊ နံနက် ၁၀ နာရီကျော်အချိနတွင်လည်း ဗုံး ၁ လုံးဖြင့်လည်း ကောင်း ၂ ကြိမ် တိုက်ခိုက်မှု ဖြစ်ပွားကြောင်း၊ ယင်းနောက် လူနာတင်ကားများ ရောက်ရှိလာပြီး စစ်တပ်နှင့်ရဲက လမ်းပိတ်ဆို့၍ စစ်ဆေးကြောင်း သိရှိရသည်။

“ဒီနေ့ အမရပူရရဲစခန်း တိုက်ခိုက်ခံရတယ်။ မနက် ၆ နာရီဝန်းကျင်မှာ ဗုံးနဲ့ ၂ လုံး။ မနက် ၁၀ နာရီကျော်မှာလည်း ဗုံးနဲ့တိုက်ခိုက်ခံရတယ်။ လူနာတင်ကားပါလာတာဆိုတော့ ထိတဲ့သူရှိတယ်။ ဗုံးနဲ့ တိုက်ခိုက်ခံရပြီး လမ်းပိတ်ပြီးတော့ သေနတ်တွေနဲ့ ရမ်းပစ်ပြီး အော်ဆဲတာပဲ။ စစ်ခွေးနဲ့ ရဲခွေးတွေက ” ဟု ဒေသပြည်သူတစ်ဦး ပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်း မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပျူစောထီးခေါင်းဆောင် စံရှားနှင့် တပည့်များ စုရပ်ဖြစ်သည့် ကားဂိတ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ပျူစောထီးခေါင်းဆောင် စံရှားကတော့ တော်တော်ကို တပည့်တပန်းများတဲ့ လက်ထောက်များတဲ့ ပျူခေါင်းဆောင်တစ်ယောက်။ သူဟာ လူသတ်မှု လုယက်မှု ငွေညှစ်မှု နဲ့ ပြည်ကြီးတံခွန်မြို့နယ်ထဲက ဆေးချတဲ့ နေရာတွေ လောင်းကစားဝိုင်းတွေ ပြည့်တန်ဆာတန်းတွေ အရက်ဆိုင်တွေ KTV မာဆက်တွေ မကောင်းတာလုပ်တဲ့ နေရာတွေအကုန်လုံးနီးပါးကို ချုပ်ကိုင်ထားပြီး လက်ထောက်ချ ဆက်ကြေးကောက်ခံတာတွေ ကိုယ်တိုင်ဆိုင်ဖွင့်ထားတာတွေရော အတော်များတဲ့ နာမည်ကြီး ဇိုးအမည်ခံ ပျူစောထီး ခေါင်းဆောင်ပါ။ ခွေးတွေနဲ့လည်း ပေါင်းသင်းပြီး သူ့အိမ်ကို အုပ်စုလိုက်လာနေကြတာတွေရှိပါတယ် လက်နက်လည်း အရှည်ရော အတိုရော ကိုင်ဆောင်ထားပါတယ် သူသာမက သူ့ရဲ့ တပည့်တွေထဲက အတော်များများလည်း လက်နက်ကိုင်ဆောင်ထားကြပါတယ်။ အဲဒါကြောင့် အကွက် ၂ ငွေတော်ကျီးကုန်း ပြည်ကြီးတံခွန်မြို့နယ်မှာ ရှိတဲ့ စံရှားတို့ရဲ့ ဂိတ်ကို လျက်ဆားပုလင်း အရင်ကျွေးခဲ့တာပါ” ဟု မန္တလေးမြို့ Urban Guerrilla Force-MDY အဖွဲ့က ပြောသည်။

ထို့ပြင် ပျူစောထီးခေါင်းဆောင် စံရှားသည် စစ်တပ်နှင့်ပေါင်း၍ ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးရာတွင်လည်း ပါဝင်ကြောင်း သိရှိရသည်။

“နောက်ပြီး စံရှားက အိမ်ဖျက်တာတွေ။ လူငယ်တွေကို ဖမ်းဖို့သတင်းပေးတာ။ ခွေးတွေနဲ့ပေါင်းပြီး သူ့တပည့်တွေနဲ့ ကိုယ်တိုင်ဖမ်းတာတွေတောင်ရှိပါတယ်။ ပြီးတော့ မြို့နယ်ထဲမှာ လှုပ်လှုပ်ရှားရှားရှိခဲ့ရင်လည်း သူတို့အဖွဲ့ကိုယ်တိုင် သောင်းကျန်းပြီး မြေလှန်တာမျိုးတွေ ခြိမ်းခြောက်တာမျိုးတွေအထိ လုပ်တာမို့လို့ တံခွန်တိုင်တစ်ဝိုက်မှာတော့ မသိတဲ့လူမရှိပါဘူး” ဟု မန္တလေး Urban Guerrilla Force-MDY အဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article