30 C
Yangon

၂၀၂၃ ခုနှစ် ၄ လတာ ကာလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် တိုက်ခိုက်မှုများ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၉၄၈ ဦးသေကာ ၁၇၆၀ ဦး ဒဏ်ရာရရှိဟု NUG ထုတ်ပြန်

Must read

၂၀၂၃ ခုနှစ် ၄ လတာ ကာလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် တိုက်ခိုက်မှုများ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၉၄၈ ဦးသေကာ ၁၇၆၀ ဦး ဒဏ်ရာရရှိဟု NUG ထုတ်ပြန်

ရန်ကုန်၊ မေ ၅

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် တိုက်ခိုက်မှုများ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၉၄၈ ဦးသေကာ ၁၇၆၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) မှ ယနေ့ မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ ရှေ့တန်းစခန်းများ၊ စစ်ကြောင်းများကိုသာမက တပ်ရင်းတပ်ဖွဲ့ နောက်တန်းစခန်း၊ စစ်တိုင်းဌာနချုပ်၊ ခြေမြန်တပ်မဌာနချုပ် (တမခ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ လေတပ်စခန်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)၊ စစ်လေယာဉ်ကွင်း၊ ဆီသိုလှောင်ကန်များကို Drone၊ ရှော့တိုက်ဒုံးနှင့်တာဝေးပစ် Rocket များ အသုံးပြု၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန် ပထမ လေးလတာကာလအတွင်း တိုက်ခိုက်နိုင်ခဲ့ဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလမှ ဧပြီလအတွင်း မြို့နယ်အလိုက် ဒရုန်းတိုက်ခိုက်မှု ၁၉၃ ကြိမ်၊ စခန်းသိမ်းတိုက်ပွဲ ၄၄ ကြိမ်၊ ၊ အရေးကြီးပစ်မှတ်တိုက်ခိုက်မှု ၂၆ ကြိမ်နှင့် မြေပြင်ထိတွေ့တိုက်ပွဲအကြိမ်ရေများစွာ ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူ ၃၉၄၈ ဦး သေကာ ၁၇၆၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ခိုက်မှုများကို နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ခိုက်မှုများအတွင်း ပါဝင်ဆောက်ရွက်ခဲ့သည့် တပ်တွင်း သတင်းအရင်းအမြစ်များ၊ စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများနှင့်၊ မဟာမိတ်အဖွဲ့အစည်းများကို လေးစားစွာဖြင့် အသိအမှတ်ပြု ဂုဏ်ယူကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article