37 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာ အလုပ်သမား ၅၄ ဦး ထပ်မံ ဖမ်းဆီးခံရ

Must read

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာ အလုပ်သမား ၅၄ ဦး ထပ်မံ ဖမ်းဆီးခံရ

ရန်ကုန်၊ မေ ၁

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာ အလုပ်သမား ၅၄ ဦး ထပ်မံ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများအရ သိရသည်။

ဧပြီလ ၃၀ ရက်နေ့တွင် ကန်ချနဘူရီ ခရိုင်အတွင်း ဖမ်းဆီးခံခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ ရွိုင်းခရိုင်၊ ကန်ချနဘူရီခရိုင်နှင့် ဘန်ကောက်မြို့တို့တွင် သွားရောက် အလုပ်လုပ်ကိုင်မည့် သူများ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရ သူများသည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင် ​တို့တွင် နေထိုင်သူများဖြစ်ပြီး အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး ၁၈ ဦးတို့ဖြစ်ကြောင်း၊ တစ်ဦးလျှင် ဘတ်ငွေ ၂၀၀၀၀​ မှ ၃၀၀၀၀ အထိပေးဆောင်ကာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကာ ကန်ချနဘူရီနယ်မြေရဲစခန်းကို ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၆ ရက်ကလည်း ကန်ချနဘူရီခရိုင်၌ မြန်မာ အလုပ်သမား ၄၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article