32 C
Yangon

KNU ထိန်းချုပ် နယ်​မြေရှိ ကျေးရွာများကို စစ်တပ်က ၃ လတာအတွင်း အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၅၅ ဦးသေဆုံး

Must read

KNU ထိန်းချုပ် နယ်​မြေရှိ ကျေးရွာများကို စစ်တပ်က ၃ လတာအတွင်း အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၅၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၁

KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၃ လတာအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းနှင့် ဖမ်းဆီး သတ်ဖြတ်ခြင်းတို့ကြောင့် ပြည်သူ ၅၅ ဦးသေဆုံးခဲ့ကြောင်း KNU-ဗဟိုထံမှ သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လ အထိ အကြမ်းဖက် စစ်တပ်က KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများကို ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ၄၃၈ ကြိမ် ပြုလုပ်ခဲ့ပြီး နေအိမ် ၃၈၆ လုံးကို ပျက်စီးကာ အရပ်သားပြည်သူ ၂၅ ဦး သေဆုံးပြီး ပြည်သူများ ၁၂၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆေးရုံ ၁ လုံး ဘုန်းကြီးကျောင်း ၄ ကျောင်း၊ စာသင်ကျောင်း ၂ဟကျောင်းနှင့် အဆောက်အအုံ၊ စပါးကျည်၊ စပါးကြိတ်စက်၊ ဈေးဆိုင် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် KNU ထိန်းချုပ်နယ်မြေ အတွင်းရှိ ကျေးရွာများကို ၃ လတာအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁၆ ကြိမ် ကျူးလွန်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၆၂ လုံး ပျက်စီးကာ ပြည်သူ ၁၅ ဦးသေဆုံးပြီး ပြည်သူ ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်၏ လေ​ကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူပိုင် အဆောက်အအုံ ၃၇ လုံး၊ ဆေးရုံ ၂ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီး/သီလရှင်ကျောင်း ၃ ကျောင်း၊ ဘုရားကျောင်း ၄ ကျောင်း နှင့် ဗလီကျောင်း ၁ ကျောင်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ၃ လတာ ကာလ အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူပိုင်နေအိမ်များကို ၁၇ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၈၁ လုံး ပြာကျကာ အဆောက်အဦး ၆ လုံးကို ပျက်စီးခဲ့ပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာနေ ပြည်သူ ၄၆ ဦးကို ဖမ်းဆီးခဲ့ပြီး ပြည်သူ ၃ ဦးကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလမှ မတ်လအထိ ပြည်သူများကို လက်နက်ငယ်များဖြင့် ပစ်ခတ်မှု​ ၆ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၈ ဦး သေဆုံးကာ ၈ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ပြည်သူများ အသုံးပြုသည့် ရွာချင်းဆက်လမ်းများ၊ လယ်တောထဲသို့ သွားရန် အသုံးပြုသောလမ်းများ၊ ကျေးရွာတွင်းလမ်းများတွင် မြေမြှပ်မိုင်းများ ထောင်ထားသောကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article