30.5 C
Yangon

ခင်ဦးတွင် စစ်ဘေးရှောင် ပြည်သူများ သောက်သုံးရေနှင့် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်နေပြီး ကျွဲ၊ နွားများပင်အစာရေစာ ပြတ်လပ် သေဆုံးမှုများရှိ

Must read

ခင်ဦးတွင် စစ်ဘေးရှောင် ပြည်သူများ သောက်သုံးရေနှင့် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်နေပြီး ကျွဲ၊ နွားများပင်အစာရေစာ ပြတ်လပ် သေဆုံးမှုများရှိ

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ သောက်သုံးရေနှင့် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးစဥ် ကျေးရွာများအတွင်းရှိ လျှပ်စစ်ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များကို ဖျက်ဆီးခြင်း၊ မိုးခေါင်ရေရှားမှုများ ကြုံတွေ့နေရသောကြောင့် သောက်သုံးရေ အခက်ခဲနှင့် စားနိပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

မိုးခေါင်ရေရှားမှုကြောင့် သောက်သုံးရေ ရရှိရန် ခက်ခဲနေသော နေရာဒေသများတွင် ကျွဲ၊ နွား တိရစ္တာန်များပါ အစာရေစာပြတ်လပ်၍ သေဆုံးမှုများ ကြုံတွေ့နေရကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ဝင်ရောက်ခဲ့သော ကျေးရွာများသည် လျှပ်စစ် ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များကိုလည်း စစ်သားများက နည်းအမျိုးမျိုးဖြင့် ဖျက်စီး သွားသောကြောင့် မီးဘေးသင့် အိုးမဲ့အိမ်မဲ့ ပြည်သူများသည် သောက်သုံးရေ အခက်အခဲအပြင် စားနပ်ရိက္ခာများပါ အရေးပေါ် လိုအပ်ရှိနေကြောင်း သိရှိရသည်။

“ကျွန်တော်တို့ မြို့နယ် အတွင်းမှာ မီးဘေးသင့် အိုးမဲ့အိမ်မဲ့ စစ်ရှောင် ပြည်သူများရဲ့ ရေအခက်အခဲ ပြဿနာနဲ့ စားနပ်ရိက္ခာ အခက်အခဲများကို လူသားချင်းစာနာမှု အကူအညီများန​ဲ့ လှူဒါန်းပေးကြဖို့ မေတ္တရပ်ခံပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် Kpay၊ Wave၊ NUG pay တို့ဖြင့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ facebook page ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article