30 C
Yangon

ကျောင်ပန်းတောင်း၊ ပွေးကျစ် ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ ရဲ လိုင်းခန်း မီးလောင်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ကျောင်ပန်းတောင်း၊ ပွေးကျစ် ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ ရဲ လိုင်းခန်း မီးလောင်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မေ ၂

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ လိုင်းခန်း မီးလောင်နေကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် ပွေးကျစ် ရဲစခန်းကို စစ်ကား ၅ စီး ရောက်ရှိနေပြီး ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

“ဒီနေ့ မွန်းလွဲပိုင်းက PDF တပ်ပေါင်းစုက ပွေးကျစ်ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ် ရဲစခန်း ထိခိုက် ပျက်စီးမှုရှိတယ်။ ရဲလိုင်းခန်းတွေလဲ မီးလောင်နေတယ်။ ရဲစခန်းကို စစ်ကား ၅ ရောက်နေတယ်။ ပိတ်ဆို့ပြီး ဘာတွေ မွှေနေလဲတော့ မသိဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article