36 C
Yangon

နွားထိုးကြီးမြို့မ ရဲစခန်းနှင့် စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

Must read

နွားထိုးကြီးမြို့မ ရဲစခန်းနှင့် စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၂

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မရဲစခန်းနှင့် မြို့အရှေ့ဘက်ရှိ ထန်းဇင်ကျေးရွာ ကင်းစခန်း ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ် ရင်း ၄ နွားထိုးကြီး PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မေလ ၁ ရက် နေ့လည် ၂ နာရီခွဲခန့်က နွားထိုးကြီးမြို့မရဲစခန်းကို ဒရု်နးဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ ရဲစခန်းအတွင်းရှိ ကင်းလှည့်ရာတွင် အသုံးပြုသော မတ်တူးကားတစ်စီး မီးလောင် ပျက်စီးပြီး ရဲ တစ်ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မြို့မရဲစခန်းထဲကို ဗုံးသီးချတဲ့အချိန်မှာ ကားဘေးမှာ စုပြုံထိုင်နေတဲ့ ရဲခွေး ၅ ကောင် ထိတယ်၊ ကား တစ်စီးမီးလောင်တယ်၊ မီးလောင်တဲ့အချိန်မှာ နွားထိုးကြီးက မီးသတ်ကားတွေခေါ်ပြီးတော့ မီးငြှိမ်းရတဲ့ အထိဖြစ်သွားတယ်၊ ကားမီးလောင်တဲ့ မီးခိုးလုံးကလည်း တစ်မြို့လုံးက မြင်နေရတာ၊ မီးသတ်ကားတွေ လဲ ဆူညံပြီး လာငြှိမ်းသတ်ရတဲ့အထိ ဖြစ်သွားတာ၊ ရဲတစ်ယောက်သေသွားတယ်၊ လေးယောက်က ဒဏ်ရာအပြင်းအထန်ရတယ်၊ လက်ရှိကတော့ နွားထိုးကြီးမြို့နယ်ဆေးရုံမှာပဲ လို့သိရတယ်၊” ဟု မြင်းခြံ ခရိုင် တပ် ရင်း ၄ နွားထိုးကြီး PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၃၀ ရက် ညနေ ၆ နာရီခန့်ကလည်း နွားထိုးကြီးမြို့၏ အရှေ့ဘက် ထန်းဇင်ကျေးရွာ အကြမ်းဖက် ကင်းစခန်းဂိတ်ကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း အဖွဲ့မှ Drone ဖြင့် ၃ ကြိမ်တိတိ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article