28 C
Yangon

ရွှေကုက္ကိုလ်တိုက်ပွဲတွင် KNU အယောင်ဆောင်ထားသည့် သိမ်ဇရပ် ၂၀၇ အမြောက်တပ်မှ စစ်ဗိုလ် ရန်လင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရွှေကုက္ကိုလ်တိုက်ပွဲတွင် KNU အယောင်ဆောင်ထားသည့် သိမ်ဇရပ် ၂၀၇ အမြောက်တပ်မှ စစ်ဗိုလ် ရန်လင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် တိုက်ပွဲတွင် KNU အယောင် ဆောင်၍ ဝင်ရောက်လာသည့် သိမ်ဇရပ် ၂၀၇ အမြောက်တပ်မှ စစ်ဗိုလ် ရန်လင်းအောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Kyaihto Information Organization မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၂၉ ရက်နေ့ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KNU အယောင်ဆောင်၍ ဝင်ရောက်လာသည့် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် ၂၀၇ အမြောက်တပ်က စစ်ဗိုလ် ရန်လင်းအောင်ကို KNU/PDF တပ်ဖွဲ့များက ပစ် ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ စနေနေ့က KNU အယောင်ဆောင်ပြီးသွားလို့ အပစ်ခံရတာ ကရင် ပြည်နယ် ရွှေကုက္ကိုလ်မှာပါ”ဟု Kyaihto Information Organization မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

သေဆုံးသွားသော စစ်ဗိုလ် ရန်လင်းအောင်သည် သိမ်ဇရပ်မြို့သား ဖြစ်​ပြီး သင်တန်းဆင်းပြီးကာစ အရာရှိ တစ်ဦးဖြစ်ပြီး “သိမ်ဇရပ်သား အချင်းချင်းလည်း မညှာဘူး ပစ်မှာပဲ” ဟု ခြိမ်းခြောက် ပြောဆိုလေ့ရှိသူဖြစ်ကြောင်း၊ လက်ရှိထိ ရန်လင်းအောင် ရုပ်အလောင်းကို အကြမ်းဖက် စစ်တပ်က လာရောက် ကောက်ယူခြင်း မရှိသေးကြောင်း Kyaihto Information Organization မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article