38 C
Yangon

လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ စစ်ကြောရေးတပ် ခြံစည်းရိုးတွင် “သတိ မိုင်း” ဆိုသော ဆိုင်းဘုတ်များ ထောင်ထား

Must read

လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ စစ်ကြောရေးတပ် ခြံစည်းရိုးတွင် “သတိ မိုင်း” ဆိုသော ဆိုင်းဘုတ်များ ထောင်ထား

ရန်ကုန်၊ မေ ၇

ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ အမှတ်(၁) စစ်ကြောရေးနှင့်တည်းခိုရိပ်သာတပ်၏ ခြံစည်းရိုးတွင် “သတိ မိုင်း” ဆိုသော ဆိုင်းဘုတ်များကို စစ်တပ်က ထောင်ထားကြောင်း ရန်ကုန်မြို့ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလဆန်းပိုင်းမှစတင်၍ အဆိုပါ မိုင်း ဆိုသော ဆိုင်းဘုတ်များကို စစ်ကြောရေး တပ်၏ ခြံစည်းရိုးတွင်ထောင်ထား ခြင်းဖြစ်ပြီး အမှန်တကယ်မိုင်းထောင် ထားခြင်းလော၊ ခြံစည်းရိုး မကပ်လာစေရန် ခြောက်လှန့်သည့် သဘောဖြင့် ဆိုင်းဘုတ်ထောင်ထားခြင်းလောဆိုသည်ကို သေချာစွာ မသိရှိဟု ဒေသပြည်သူများက ဆိုကြသည်။

“ရက်ပိုင်းလောက်ပဲရှိဦးမယ်။ အဲဒီဆိုင်းဘုတ်ကို မြင်ရတာ။ တကယ်ပဲ မိုင်းထောင်ထားလို့လား။ ခြံစည်းရိုးနား မကပ်အောင်လားတော့မသိဘူး။ ရန်ကုန် ပါရမီလမ်းနဲ့ဘုရင့်နောင်လမ်းထောင့်မှာရှိတဲ့စစ်တပ်ဝင်းခြံစည်းရိုးမှာ မိုင်းဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့ရတယ်။ မအလတွေက သူတို့ခြံဝင်းကို လုံခြုံအောင် ထောင်ထားတာလား သေချာမသိဘူး။ မိုင်းဆိုတဲ့ဆိုင်းဘုတ်တွေကို ဘုရင့်နောင်လမ်းဘက်ကဆိုမြင်ရပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ အမှတ်(၁) စစ်ကြောရေးနှင့်တည်းခိုရိပ်သာတပ်သည် မကြာခဏဆိုသလို ဗုံးခွဲခံရသော တပ်ရင်းတစ်ခုဖြစ်ပြီး ဒရုန်းဖြင့်လည်း ဗုံးကျဲတိုက်ခိုက်မှု ခံခဲ့ရသော စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article