28 C
Yangon

မိထ္တီလာတွင် ပရဟိတသမား၊ တေးရေးဆရာ စောပါဗလုကို စစ်တပ်က ဖမ်း ဆီးပြီး အသက် ၁၀နှစ်အောက်အရွယ် မသန်စွမ်း သမီး ၃ ဦး၊ ဆီးချိုဝေဒနာရှင် ဇနီးသည်ကိုပါ စစ်တပ်က ဓားစာခံ ဖမ်းဆီးထား

Must read

မိထ္တီလာတွင် ပရဟိတသမား၊ တေးရေးဆရာ စောပါဗလုကို စစ်တပ်က ဖမ်း ဆီးပြီး အသက် ၁၀နှစ်အောက်အရွယ် မသန်စွမ်း သမီး ၃ ဦး၊ ဆီးချိုဝေဒနာရှင် ဇနီးသည်ကိုပါ စစ်တပ်က ဓားစာခံ ဖမ်းဆီးထား

ရန်ကုန်၊ မေ ၇

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်တွင် ပရဟိတသမား၊ တေးရေးဆရာ စောပါဗလုကို စစ်တပ်က ဖမ်းဆီးပြီးနောက် အသက် ၁၀ နှစ်အောက်အရွယ် သမီး ၃ ဦး၊ ဆီးချိုဝေဒနာရှင် ဇနီးသည်ကိုပါ စစ်ကောင်စီက ဓားစာ ခံ ဖမ်းဆီးသွားကြောင်း မိသားစုနှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် မိတ္တီလာမြို့တွင် နေထိုင်သည့် ကရင်လူမျိုး ပရဟိတသမား၊ တေးရေးဆရာ စောပါဗလုထံသို့ လက်နက်များကိုင်ဆောင်ထားသော အရပ်ဝတ် စစ်သား ၁၀ ဦး ရောက်ရှိလာပြီး ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် အချိန်မဆိုင်းဘဲ တေးရေးဆရာ စောပါဗလု၏ ဇနီးသည် ဆီးချိုဝေဒနာရှင် နော်ဖောဆဲ၊ သမီးများဖြစ်ကြသည့် မသန်စွမ်း အသက် ၅ နှစ်အရွယ် နော်လေဒီယာဗလူဖော၊ အသက် ၆ နှစ်အရွယ် နောက်ဟေဇဲဗလုဖော ၊ အသက် ၉ နှစ်အရွယ် နော်ရေဗက္ကာဗလုဖော တို့ကိုပါ ခေါ်ဆောင်သွားကြောင်း ၊ ထို့ပြင် နေအိမ်တစ်ခုလုံးကိုလည်း မွှေနှောက်သွားခဲ့ကြောင်း သိရှိရသည်။

မေလ ၂ ရက်နေ့တွင် ဇနီးသည် နော်ဖော်ဆဲသည် အရပ်ဝတ် လက်နက်ကိုင်အစောင့် ၂ ဦးနှင့်အတူ နေအိမ်သို့ ပြန်လာပြီး အိမ်တွင် ကျန်ခဲ့သော လက်ကိုင်ဖုန်းတစ်လုံးနှင့် ကလေးအဝတ်အစားများကို လာရောက်ယူဆောင်ခဲ့ကြောင်း၊ ယင်းနောက် အရပ်ဝတ်လက်နက်ကိုင်များက ဇနီးသည် နော်ဖော်ဆဲကို ပြန်လည် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

မေလ ၃ ရက်နေ့တွင် တေးရေးဆရာ စောပါဗလု၊ ဇနီးသည်နှင့် သမီး ၃ ဦး ဖမ်း ဆီးခံထားရမှု အခြေအနေ သတင်းမရရှိသဖြင့် စုံစမ်းနေဆဲခဲ့ကြောင်း၊ မေလ ၅ ရက်နေ့တွင် မိတ္တီလာမြို့ ချည်မျှင်နှင့်အထည်စက်ရုံအနီး ဘေးချင်းကပ်လျက် ရုံးနေရာသို့ သွားရောက်စုံစမ်းခဲ့သော်လည်း သတင်းမရရှိကြောင်း သိရှိရသည်။

မေလ ၆ ရက်နေ့တွင် ကလေးနို့မှုန့်များ၊ ကလေး အစားအသောက်များကို မိတ္တီလာမြို့ ချည်မျှင်နှင့်အထည်စက်ရုံအနီး ဘေးချင်းကပ်လျက် ရုံးနေရာသို့ ထပ်မံ သွားရောက် ပေးခဲ့ရာတွင် အစားအသောက်များ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော တေးရေးဆရာ စောပါဗလု၏ ဇနီးသည် နော်ဖော်ဆဲမှာ ဆီးချိုဝေဒနာသည်တစ်ဦးဖြစ်ပြီး ဆေးဝါးများ အမြဲမှီဝဲနေရသူဖြစ်သည့်အပြင် သမီးများမှာ စကားပြောရန် ခက်ခဲသော မသန်စွမ်းများ ဖြစ်ကြောင်း သိရှိရသည်။

“ဘာကြောင့် ဖမ်းတယ်ဆိုတာမသိရသေးဘဲ လင်မယား ၂ ဦးစလုံးရော၊ မသန် စွမ်း ကလေးတွေရော အဖမ်းခံထားရတယ်။ အင်မတန် စိတ်ပူစရာကောင်းပါတယ်” ဟု မိတ်ဆွေတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article