36 C
Yangon

လွိုင်ကော်တွင် ဆန်၊ဆီ၊ ဆား အခြေခံ စားကုန် ရိက္ခာနှင့် ဆေးဝါးများ သယ်ယူမှုကို စစ်တပ်က တားမြစ်ပြီး ကုန်ပစ္စည်းများကို မတရား ဖမ်းဆီးသိမ်းဆည်း၊ ဂိုဒေါင် ၃ လုံးအပြည့် ပြည်သူပိုင်များ ဖမ်းဆီးခံရပြီး စစ်တပ်က ပြန်ရောင်း

Must read

လွိုင်ကော်တွင် ဆန်၊ဆီ၊ ဆား အခြေခံ စားကုန် ရိက္ခာနှင့် ဆေးဝါးများ သယ်ယူမှုကို စစ်တပ်က တားမြစ်ပြီး ကုန်ပစ္စည်းများကို မတရား ဖမ်းဆီးသိမ်းဆည်း၊ ဂိုဒေါင် ၃ လုံးအပြည့် ပြည်သူပိုင်များ ဖမ်းဆီးခံရပြီး စစ်တပ်က ပြန်ရောင်း

ရန်ကုန်၊ မေ ၇

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်တပ်က ဆန်၊ ဆီ၊ ဆား အခြေခံ စားကုန်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူမှု တားမြစ်ပြီး ပြည်သူပိုင် ကုန်ပစ္စည်းများကို မတရား ဖမ်းဆီးသိမ်းဆည်းထားကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

စစ်ကောင်စီက ကရင်နီပြည်နယ်သို့ အဝင် လွိုင်ကော်တွင် ဂိတ်များစွာ ချထားပြီး အခြေခံ စားကုန်ရိက္ခာများ နှင့် ဆေးဝါးများ၊ စက်သုံးဆီများ သယ်ယူမှုများကို တားမြစ်ခြင်း၊ ဖမ်းဆီး သိမ်းဆည်းခြင်းများ ဆက်တိုက် ပြုလုပ်သည့်အပြင် စျေးကာများ၏ ရောင်းကုန်ပစ္စည်းများကိုလည်း သိမ်းဆည်းကြောင်း၊ ဒကစ(လွိုင်ကော်)တွင် ဂိုဒေါင် ၃ လုံးအပြည့် ပြည်သူပိုင် ကုန်ပစ္စည်းများကို သိမ်းဆည်းထားကြောင်း ၊ ယင်းပစ္စည်းများကို စစ်တပ်က ပြန်လည် ထုတ်ရောင်း မှုများ ရှိနေကြောင်း သိရှိရသည်။

“ဒကစ(လွိုင်ကော်)မှာ ပြည်သူစျေးကားတွေ၊ အိမ်းစီးကား၊ ကုန်းကားတွေက သိမ်းဆည်းရမိတဲ့ ကုန်ပစ္စည်းတွေကိုပြန်လည်ရောင်းချနေတယ်။ သူတို့စစ်တပ်က။ ပစ္စည်းတွေ သိမ်းတာက G1 ဝေလင်းစိုး ဦးဆောင် သိမ်းတယ်။ လွိုင်ကော်ဒကစရုံး အောက်က ဂိုဒေါင် ၃ ခုမှာ ပစ္စည်းတွေအပြည့်ထားရှိပါတယ်။ ပြည်သူတွေရဲ့မျက်ရည်တွေပါ။ အဲဒါတွေကို ပြန်ထုတ်ရောင်းနေတာ” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ကရင်နီပြည်နယ်တွင် ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီများ၊ ဆေးဝါး သယ်ဆောင်မှုများကိုတားမြစ်ခြင်း၊ ဖုန်းလိုင်းနှင့်အင်တာနက်များ ဖြတ်တောက်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ဖြတ်တောက်ခြင်း၊ ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article