31 C
Yangon

သင်္ဃန်းညီနောင်တွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ စီးကို BGF တပ်ဖွဲ့က ကားနှင့် တိုက်သတ်ပြီး သေနတ်ပစ်ဖောက်

Must read

သင်္ဃန်းညီနောင်တွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ စီးကို BGF တပ်ဖွဲ့က ကားနှင့် တိုက်သတ်ပြီး သေနတ်ပစ်ဖောက်

ရန်ကုန်၊ မေ ၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ရွာသစ်ဘုန်းကြီးကျောင်းရှေ့တွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ စီးကို BGF တပ်ဖွဲ့က ကားနှင့် တိုက်သတ်ပြီး သေနတ်ပစ်ဖောက်သွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၆ ရက်နေ့ ည ၆ နာရီကျော်ခန့်တွင် သင်္ဃန်းညီနောင် ရွာသစ်ဘုန်းကြီးကျောင်းရှေ့တွင် ဆိုင်ကယ်စီးလာသည့် ကိုစေအိုက်ကို BGF တပ်ဖွဲ့များ လိုက်လာသည့် ကားက တိုက်သတ်ပြီးနောက် ယင်းကားနောက်ကို လိုက်ကြည့်သည့် ပြည်သူများကို သေချင် ထွက်ခဲ့ဟု ပြောဆိုပြီး သေနတ် ၂ ချက် ပစ်ဖောက်သွားကြောင်း သိရသည်။

” ကားက BGF ကား တိုက်သတ်ပြီးတော့ သေနတ် ၂ ချက်ဖောက်သွားတယ်။ BGF က ဘယ် တပ်ရင်းလဲတော့ မသိဘူး။ ကားမောင်းထွက်ပြေးသွားလို့ ပြည်သူတွေက လိုက်ကြည့်တာကို သေချင်တဲ့ကောင် ထွက်လာဆိုပြီး သေနတ်ပစ်ဖောက်သွားတာ ကိုစောအိုက်က စျေးသွားဝယ်ပြီးပြန်လာတာ BGF က ဆေးကြောင်တာလား။ မူးနေတာလား မသိဘူး။ တိုက်သတ်သွားတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article