26 C
Yangon

ဗန်းမော် အမှတ် ၉၁၄ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတွင် ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်စိုးအောင်နှင့် ဗိုလ်ကြီး ပြည့်ဖြိုးကျော်တို့ စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးပြည့်ဖြိုးကျော်သေဆုံး၊ ဗိုလ်မှူးသက်စိုးအောင် ဆေးကုသနေရ

Must read

ဗန်းမော် အမှတ် ၉၁၄ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတွင် ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်စိုးအောင်နှင့် ဗိုလ်ကြီး ပြည့်ဖြိုးကျော်တို့ စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးပြည့်ဖြိုးကျော်သေဆုံး၊ ဗိုလ်မှူးသက်စိုးအောင် ဆေးကုသနေရ

ရန်ကုန်၊ မေ ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ အမှတ် ၉၁၄ စစ်မြေပြင် အင်ဂျင်နီယာတပ် ရင်းတွင် ဒုတပ်ရင်းမှူး ဗိုလ်မှူးသက်စိုးအောင်နှင့် ဗိုလ်ကြီး ပြည့်ဖြိုးကျော်တို့ တပ်ပိုင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ စကားများ ရန်ဖြစ်ကြရာမှ အချင်းအချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီး ပြည့်ဖြိုးကျော် သေဆုံးသွားကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ဗန်းမော် အမှတ် ၉၁၄ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတွင် ဒုတပ်ရင်းမှူး ဗိုလ်မှူးသက်စိုးအောင် နှင့် ဗိုလ်ကြီး ပြည့်ဖြိုးကျော်တို့ အချေတင်စကားများကြကြောင်း၊ ယင်းနောက် နှစ်ဖက် စိတ်မထိန်းနိုင်ဘဲ ပစ်ခတ်ကြကြောင်း၊ ထိုသို့ ပစ်ခတ်ရာမှ ဗိုလ်ကြီးပြည့်ဖြိုးကျော်မှာ ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။

ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်စိုးအောင်မှာလည်း သေနတ်ဒဏ်ရာ ၅ ချက် ထိမှန်ထားပြီး ဗန်းမော်စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်တပ်က ခုံရုံးဖွဲ့၍ စစ်ဆေးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၇၅ နှစ်မြောက် စစ်မြေပြင်အင်ဂျင်နီယားတပ်ဖွဲ့နေ့ တက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article