29 C
Yangon

အမရပူရမြို့နယ် လ၀ကရုံး ဗုံးပေါက်ကွဲပြီး Non-CDM ဝန်ထမ်း ၃ ဦးထိခိုက်၊ ဘိုကလေးမြို့နယ်၊ မိန်းမလှ ကြိုး၀ိုင်းမှ ရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

အမရပူရမြို့နယ် လ၀ကရုံး ဗုံးပေါက်ကွဲပြီး Non-CDM ဝန်ထမ်း ၃ ဦးထိခိုက်၊ ဘိုကလေးမြို့နယ်၊ မိန်းမလှ ကြိုး၀ိုင်းမှ ရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၇

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် မေလ ၅ ရက်နေ့ ဗုံးပေါက်ကွဲပြီး Non-CDM ဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်း ကပြောဆိုသည်။

မေလ ၅ ရက်နေ့ ညနေ ၄ နာရီအချိန် မန္တလေး တိုင်း၊ အမရပူရမြို့နယ်၊ မှန်တန်းရပ် ကွက်၊နယ်မြေ ၅/ကရှိ အမရပူရမြို့နယ်၊လဝကရုံးတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှု ဖြစ်ပွားပြီး ပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အမရပူရမြို့နယ် လ၀က ဒုဦးစီးမှူး ဒေါ်ဝင်းဝင်း ၊ စာရေးနှင့် ဝန်ထမ်း ၂ ဦးလည်း ဒဏ်ရာရရှိကြောင်း၊ ကားတစ်စီးနှင့် ရုံးလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

အမရပူရမြို့နယ် လ၀ကရုံး ဗုံးခွဲတိုက်ခိုက်မှုကို No More Dictatorship People Defense Force NMD အဖွဲ့နှင့် Demon Revolution Army က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ယန္တရား လည်ပတ်အောင် ကူညီထောက်ပံ့ပေးနေသော ရုံးများ၊ စစ်တပ်နှင့်ရဲကင်းများနှင့် ပြည်သူများ ဝေးဝေး နေထိုင်ကြရန် အဆိုပါ အဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ထားသည်။

အလားတူ မေလ ၅ ရက်နေ့ နေ့ညပိုင်း ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ဘိုကလေးမြိုနယ်၊မိန်းမလှကြိုးဝိုင်း စက်ကျွန်းမှ ရဲတချို့ကို စက်လှေဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article