25 C
Yangon

နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များတွင် ဆယ်တော်မူဘုရားပုံတော်ကို ကပ်ပြီး ဆယ်တော်မူဘုရားဂါထာ၊ ပရိတ်တော်နှင့် ဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ကြရန် အကြမ်းဖက်မင်းအောင်လှိုင် ညွှန်ကြား

Must read

ရန်ကုန်၊ မေ ၁၃

မြန်မာနိုင်ငံ၊ တစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များတွင် ဆယ်တော်မူဘုရားပုံတော်ကို ကပ်ပြီး ဆယ်တော်မူဘုရားဂါထာ၊ ပရိတ်တော်နှင့် ဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ကြရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားလိုက်ကြောင်း တပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဆယ်တော်မူ ဘုရားသည် ရွှေတိဂုံ စေတီ၏ အင်္ဂါဒေါင့် နှင့် ဂေါပကရုံးတို့ အကြားရှိ အာရုံခံ တန်ဆောင်းတွင် တည်ရှိနေပြီး ယင်းဆယ်တော်မူဘုရား၏ ဓာတ်ပုံများကို နိုင်ငံတစ်ဝန်းရှိ တပ်ရင်း၊ တပ်ဖွဲ့များတွင် ကိုးကွယ်ကြရန်၊ ဆယ်တော်မူဘုရား၏ ဂါထာတော်ကိုလည်း နေ့ည မပြတ်အဓိဋ္ဌာန်ဖြင့် ရွတ်ဆိုကြရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်က လွန်ခဲ့သော လပိုင်းအတွင်း ဆယ်တော်မူဘုရားသို့ လျှို့ဝှက် လာရောက်ပြီး ယတြာချေခဲ့ကြောင်း သိရှိရသည်။

“ဆယ်တော်မူဘုရားပုံတော်ကို ကိုးကွယ်ပြီးတော့ ဆယ်တော်မူဘုရားဂါထာကို မနက် ၉ခေါက် ၊ ည ၉ခေါက်ရွတ်ခိုင်းတယ်။ ဆယ်တော်မူဘုရားဂါထာကို ရွတ်ဆိုရခြင်းကြောင့် အခက်အခဲ ညံ့ဖျင်းမှုတွေကနေ ကံဆယ်တော်မူမယ်ပေါ့” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက ဆယ်တော်မူဘုရားပုံတော်၊ ဆယ်ဘုရားဂါထာစာအုပ်များကို သိန်းချီရိုက်နှိပ်၍ တပ်ရင်းတပ်ဖွဲ့များအားလုံးနှင့် ဌာနဆိုင်ရာတချို့ကို ဖြန့်ဝေနေကြောင်း သိရှိရသည်။

ဆယ်တော်မူမြတ်စွာဘုရားဂါထာကို ရွတ်ဖတ်ရသောအကျိုးကျေးဇူးများအနေဖြင့် အခက်အခဲ ကံဆိုးကံညံ့များမှ ကံဆယ်တော်မူခြင်းက အဓိက ဖြစ်ပြီး အခြားသော အကျိုးရလဒ်များအနေဖြင့် လူချစ်လူခင် ပေါများခြင်း၊ ကျန်းမာ ၊ ချမ်းသာခြင်း၊ အန္တရာယ်ဆိုးများ ကွင်းရှောင်ခြင်း၊ ရန်သူမျိုး ၅ပါးဘေးမှ ကင်းဝေးစေခြင်း ၊ မိမိ ပြောဆိုသမျှ စကားအားလုံး အောင်မြင်ခြင်း ၊ လာဘ်လာဘ ပေါများခြင်း ၊ ထီပေါက်ခြင်း (သို့) ထီပေါက်သကဲ့သိုငွေဝင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဆယ်တော်မူဘုရားဂါထာစာအုပ်တွင် ရေးသားထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article