34 C
Yangon

ဖြူးမြို့နယ်တွင် ဆိုင်ကယ်လိုင်စင်မရှိ၍ ဖမ်းဆီးခံရသူ ပြည်သူတစ်ဦး ရဲစခန်းတွင် နှိပ်စက်ခံရပြီး သေဆုံး၊ ဖမ်းဆီးချိန်တွင် ကျန်းမာရေးကောင်းမွန်ခဲ့ပြီး အဖမ်းခံရပြီး ၃ ရက်အကြာတွင် သေဆုံးသွားခဲ့

Must read

ဖြူးမြို့နယ်တွင် ဆိုင်ကယ်လိုင်စင်မရှိ၍ ဖမ်းဆီးခံရသူ ပြည်သူတစ်ဦး ရဲစခန်းတွင် နှိပ်စက်ခံရပြီး သေဆုံး၊ ဖမ်းဆီးချိန်တွင် ကျန်းမာရေးကောင်းမွန်ခဲ့ပြီး အဖမ်းခံရပြီး ၃ ရက်အကြာတွင် သေဆုံးသွားခဲ့

ရန်ကုန်၊ မေ ၈

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ဆိုင်ကယ်လိုင်စင်မရှိ၍ ဖမ်းဆီးခံထားရသူ ပြည်သူတစ်ဦးသည် ဖြူမြို့နယ်ရဲစခန်းတွင် နှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

မေလ ၄ ရက်နေ့ နံနက်ပိုင်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ရပ်ကွက်၊ အေး ချမ်း သာယာရေး လမ်းတွင် နေထိုင်သော ကိုဘိုဘို အသက် ၃၁ နှစ်သည် စျေးဝယ်ထွက်စဉ် ဆိုင်ကယ်တွင် လိုင်စင်မရှိသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ ကြောင်း၊ ယင်းနောက် ဖြူးမြို့နယ် ရဲစခန်းက သွင်းကုန်ထုတ်ကုန်ဥပဒေဖြင့် ကိုဘိုဘိုကို အမှုဖွင့်ခဲ့ပြီး ချုက်နှောင်ထားခဲ့ကြောင်း ၊ ထို့နောက် ၃ ရက်အကြာ မေလ ၇ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး ကိုဘိုဘို သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ရှေ့မှာလည်း အဲဒီလိုပဲ သေဆုံးခဲ့တဲ့ သူတွေ ရှိတယ်။ ဖြူးမြို့နယ်ရဲစခန်းမှာ ချုပ်ခံထားရရင်း နှိပ်စက်ခံရပြီး သေဆုံးသွားတာတွေရှိတယ်။ ကိုဘိုဘိုကိစ္စမှာလည်း နှိပ်စက်လို့သေတာ။ ခွေးတွေနှိပ်စက်သတ်ပြီး သေတာကို လူသေမှုဆိုပြီး ဆေးစာရေးထားတယ်။ ဆေးစာမှာက ရိုးရိုးလူသေမှု အဖြစ် ရေးထားတယ်။ ဘာကြောင့် သေတယ်ဆိုတာ မပါဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

မိသားစုက ကိုဘိုဘိုသေဆုံးသွားကြောင်း သတင်းရရှိသဖြင့် ရဲစခန်းကို သွား ရောက်ရာတွင် အလောင်းကို ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း၊ ဖမ်းဆီးခံရချိန်တွင် ကိုဘိုဘိုသည် ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး အလုပ်ကြမ်း ပန်းရံ လုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီးနှင့်သားသမီး ၂ ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article